မင်းအတွက်ဆို... (Part - 2)

1.8K 288 26
                                    


Zawgyi~

မင်းအတွက်ဆို..❄

" Boss ~ ကောင်လေး ရောက်လာပြီ ''

" အေး အခန်းထဲလွှတ်လိုက်~ ''

စာဖတ်ခန်းထဲ၌ Mr.Park ခြေချိတ်ရင်း စီးကပ်ရက်တစ်လိပ်ကို ကောက်ဖွာရင်း Wobin အပြောကို ပြန်ဖြေလိုက်သည်။အငွေ့တွေကို အာခံတွင်းထဲမှ မှုတ်ထုတ်လိုက်ပြီး ကောင်လေးအလာကို စောင့်နေသည်။ထိုခဏ၌~တံခါးကို ဖွင့်ပြီး ဝင်လာတဲ့ကောင်လေးကြောင့် Mr.Park စိတ်အလိုမကျ၍ မျက်မှောင်ကြုတ်ရင်း ကြည့်လိုက်သည်။အရှေ့မှ လက်ချင်းယှက်၍ရပ်နေပြီး   ကြည့်နေတဲ့ကောင်လေးကို Mr.Park မှ..

" ကောင်လေး~ မင်း အခန်းထဲ မဝင်ခင် အပြင်ကနေ တံခါးကြိုခေါက်ရမယ်ဆိုတာ မသိဘူးလား
မင်းသဘောနဲ့ အခန်းထဲကို ဝင်ချင်တိုင်း ဝင်လို့ရတယ်
ထင်နေလား~ဒါ မင်းနေခဲ့တဲ့ ပတ်ဝန်းကျင်လို ပြုမူနေရင်တော့ ငါမင်းကို ခေါင်းထဲစွဲမှတ်နေအောင် လေ့ကျင့်ပေးရလိမ့်မယ်~''

" ကျွန်တော် တောင်းပန်ပါတယ် ~ ဦးလေး...''

" သခင်ကြီး..''

" ဗျာ~! "

" ငါ့ကို သခင်ကြီးလို့ခေါ်~ မင်းက ငါဝယ်ထားတဲ့နယ်ရုပ်တစ်ရုပ်ပဲ .. ပြီးတော့ ငါ့သားက မင်းကို သနားလို့ အိမ်ပေါ်ခေါ်တင်ထားပေမဲ့ တန်းတူအခွင့်ရေးရမယ် မထင်နဲ့
ငါကျွေးတဲ့ထမင်းစားရင် ငါခိုင်းတာလည်း အထွဍ်မတက်ပဲ လုပ်ရမယ် ~''

" ဟုတ်ကဲ့ ကျွန်တော် နားလည်ပါပြီ ''

ကျွန်တော့်ဘဝက အဲ့လိုပဲ..။သူများခိုင်းဖို့မွေးလာတဲ့ကောင်လေးသာသာပါ~ ဘာမှ လိုချင်တပ်မက်ဖို့ အခွင့်မရှိပေ..။
ဒါကို ကျွန်တော် လက်ခံနိုင်စွမ်းရှိပါသည်။

" အေး~ မင်း ငါ့သားစိတ်ချမ်းသာအောင် စိတ်ပျော်အောင် ဘာမဆိုလုပ်ပေးရမယ်.. ပြောချင်တာက အနစ်နာခံပေးရမယ် အရာအားလုံး ပေါ့ ''

ဒါပေါ့ ~ ကျွန်တော် အရုပ်လေးအတွက် အားလုံး အနစ်နာခံပေးမှာပေါ့..။စိတ်တစ်ချက်တောင် မညိုးအောင် ထားပေးမှာပါ~သူလေးပျော်ဖို့ ကျွန်တော့် ရည်မှန်းချက်တစ်ခုဖြစ်လာခဲ့ပြီ~ အရင်က.. နေသာသလို နေခဲ့ ၊ဘဝအတွက် လမ်းပျောက်နေတဲ့ကောင်လေးတစ်ဦးက အရုပ်လေးအတွက် စေလိုရာ စေ.. သူ့သဘောဆောင်မဲ့ လူတစ်ယောက်အနေနဲ့ အသက်ရှင်သွားဖို့ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်ပြီမို့...
ပြောရရင် အရုပ်လေးရဲ့ ကျွန်တစ်ယောက်ဆိုလည်း ကျွန်တော် ခံယူမည်။ဘာလို့ဆို ကျွန်တော့်ဘဝက ပေးဆပ်ဖို့ မွေးလာခဲ့လို့လေ...ဒီပေးဆပ်မှုက သူတစ်ဦးအတွက်ပဲ ဖြစ်တည်ပေးမှာ...ဟုတ်တယ် သူတစ်ယောက်တည်းအတွက် ။
၁၅နှစ်အရွယ် ကောင်လေးရဲ့ ဆုံးဖြတ်ချက်ဟာ ပြတ်သားခဲ့လေသည်။

 မင်းအတွက်ဆို... 🌸❄🖤 « Vᴍɪɴ »[ Completed ]Where stories live. Discover now