မင်းအတွက်ဆို...(Part -10)

1K 196 26
                                    


Zawgyi ~

မင်းအတွက်ဆို...❄

/
/

" သားငယ်.. ဘယ်သွားမလို့လဲ ''

အောက်ထပ်ကို လှေကားအတိုင်း ရှိုးအပြည့်ဖြင့် ဆင်းလာတဲ့Jiminကို Mr. Parkမှ ဧည့်ခန်းတွင် သတင်းစာဖတ်ရင်း လှမ်းမေးလိုက်သည်။မနေ့က သားငယ်မျက်နှာကို ဝအောင်ပင် မကြည့်လိုက်နိုင်။ စိုးရိမ်ပူပန်နေတာနဲ့ စကားလည်း ကောင်းကောင်း မပြောဖြစ်လိုက်... ဖတ်လက်စ သတင်းစာကို ခေါက်သိမ်းလိုက်ပြီး

" လာ ထိုင်ပါဦး သားငယ်ရဲ့ ''

Mr. Park ရှေ့တွင် ဝင်ထိုင်လိုက်၏။ Mr. Parkလည်း သတင်းစာဘေးရှိ ကော်ဖီခွက်ကို ကောက်ယူလိုက်ပြီး စကားဆိုပြန်သည်။

" ဖေကြီးသားလေး ခရီးပန်းနေမှာသိလို့ မနေ့က စကားကို မပြောလိုက်ရဘူး..''

" ဟုတ် ဖေကြီး...
မနေ့က သားအပြစ်တွေပါ.. ကိုကို့မှာအပြစ်မရှိပါဘူး''

" အဲ့ကိစ္စကို ထားလိုက်တော့
ဒါနဲ့ သားငယ် ဘယ်သွားမလို့လဲ မနေ့ကမှ ပြန်ရောက်တာ နားပါဦးလားကွယ် ''

မနေ့က ကိစ္စကို ပြန်မကြားချင်၍ စကားလှည့်လိုက်သည်။

" မပင်ပန်းပါဘူး... သား အပြင်လည်ချင်တယ်
ခွင့်ပြုပေး..''

ရေခြားမြေခြားမှာ သွားနေရပြီးပြီ.. ကိုယ့် မွေးရပ်မြေကိုပြန်ရောက်လာတော့ ပြောင်းလဲမှုလေးတွေ ခံစားကြည့်ချင်တယ်..။အရွယ်ရောက်လာတာနဲ့အမျှ ရင့်ကျက်လာသလို အဆိုးလေးဆန်လာသေးသည်။ အမေရိကားမှာ ကျောင်းတက်စဉ်က ကျောင်းလစ်တတ်သလို barတွေလည်း သွားတတ်သည်။ဒါတွေက နေရာဒေသကိုလိုက်ပြီး အခြေအနေနဲ့ အချိန်အခါကို ရောယှက်စွာနေထိုင်တတ်လာတော့ အရင်လိုနူးညံ့တဲ့ကောင်လေးမဟုတ်တော့.....

" တစ်ယောက်ထဲတော့ မသွားရဘူး
ဖေကြီး စိတ်မချဘူး ''

"အာ့ဆို ကိုကိုနဲ့ သွားမယ်...''

" ......''

သားငယ်စကားကြောင့် ခဏငြိမ်သွားကာ စဉ်းစားမိသည်။စိတ်ချမ်းသာအောင် ထားရတာမို့ ခွင့်မပြုစရာအကြောင်းတော့မရှိ... Taehyung အကြောင်းလည်း သိနေတော့ စိတ်ချရပါတယ်လေ..

 မင်းအတွက်ဆို... 🌸❄🖤 « Vᴍɪɴ »[ Completed ]Where stories live. Discover now