3

2K 364 61
                                    

baekhyunရဲ့ စကားအမှား​ကြောင့်​လေထုနဲ့ပတ်ဝန်းကျင်ဟာချက်ချင်း​​အေးစက်သွားတယ် ။
chanyeolကရှက်ပြီး မျက်နှာကြီးရဲ​နေသလို
သူကလဲ ပါးစပ်ကိုတဖက်ဖက်နဲ့ရိုက်ရင်း ကိုယ့်ကိုကိုကျိန်ဆဲ​နေမိတယ် ။
အမြဲတမ်း မလွဲရရင်မ​နေနိုင်​​သောပဲ ။
သတိထား​နေတာ​တောင် ​ပေါက်တတ်ကရက ထွက်ဖြစ်​အောင်ထွက်လာ​သေးတယ် ချီးပဲ။

" ဟို ကျွန်​တော်က​လေ
အရပ် ဘယ်​လောက်ရှည်လဲ ​မေးတာ
​မေးချင်​ဇောတအားများသွားလို့ ဗျ ဟီး "

ဒီ့ထက်ပိုပြီးရှက်ကိုးရှက်ကန်း မဖြစ်ရဖို့အ​ရေး
ရှိသမျှသွားအကုန်စ်ိပြီး စကားပြန်ပြင်လိုက်​တော့
စိတ်​အေး သွားပုံရတဲ့ chanyeol က သူ့လည်ကုတ်​လေးကိုအရှက်​ပြေ ကုတ်​ပြီးပြန်​ဖြေရှာတယ် ။

" wiki မှာ​ရေးထားတဲ့အတိုင်းပဲခင်ဗျ ထပ်ရှည်မလာဘူး  "

" ​အော် ဟုတ် ကျွန်​တော်က နည်းနည်းရှည်လာတယ်ထင်​နေတာ ဒါဆို ​​နောက်တစ်ခု​မေးလို့ရမလား  "

" Baekhyun ကြိုက်သ​လောက်​မေးလို့ရပါတယ် "

ခုမှပဲ ပုံမှန်ပြန်ဖြစ်သွားသလိုခံစားရ​​တော့တယ် ။
​note စာအုပ်ကိုတဖျက်ဖျက်မြည်​အောင်လှန်​လှောရှာ​ဖွေရင်း ​လေထုကြီး ပြန်​အေးစက်မသွားဖို့အသည်းအသန်ကိုကြိုးစား​နေရတယ်။
​မေးခွန်း​တွေ​ရေးမှတ်ထား​ပေမယ့် တကယ်တမ်း မ​မေးသင့်တာ​​တွေ​မေးလိုက်မိရင် ​စောနက အ​​ခြေအ​နေလို ပြန်ဖြစ်သွားမှာကိုလဲ​​တွေး​ကြောက်​နေရတယ် ။

" baekhyun ​မေးရခက်​နေရင် ကျွန်​တော်တို့
​ကော်ဖီဆိုင်​ရောက်မှ ဆက်​ပြောကြမယ်​လေ စဥ်းစားထား​ပေါ့ "

" ဟုတ်ကဲ့ဗျ "

သူ့ရဲ့ပြာယာခတ်​နေတဲ့ ပုံစံ​ကြောင့် chanyeol က
အလိုက်တသိနဲ့ဝင်ထိန်း​ပေးသွားတယ် ။
ရင်တုန်​နေတာ​ကြောင့်​ရော ​ဘေးမှာchanyeol ရှိ​နေတာ​ကြောင့်​​ရော လူက တအားကို ကတုန်ကယင်နဲ့ ။
ပါးစပ်က​နေ စကားတစ်ခွန်းထွက်ဖို့​တော်​တော်​လေးကြိုးစားယူ​နေရတယ် ။

သိပ်မကြာလိုက်တဲ့အချိန်မှာ သူတို့ကား​လေးက
​ကော်ဖီဆိုင်​တစ်ဆိုင်​ရှေ့ကို​ရောက်လာတယ် ။
အစီအစဥ်ကို ကြိုတင်မ​ပြောထားလို့ Fan​တွေ​​တော့ရှိမ​​​နေဘူး ။
ဒါသူ့အတွက် ကံ​ကောင်းခြင်းပဲ ။
သက်​တောင့်သက်သာ​လေး ​နေလို့ရတာ​ပေါ့ ။

Don't Touch My Man 《Completed》Where stories live. Discover now