8

1.5K 262 30
                                    

" ရော့ "

မနက်ခင်းပြေးဖို့ခြံရှေ့အထွက် ဘယ်ချိန်တည်းက ရောက်နေမှန်းမသိတဲ့byun baekhyun ဆိုတဲ့ ဟာလေးက ရှေ့က ပိတ်ရပ်ပြီး လက်ထဲက ချောကလက်ကိတ်ကို အတင်းထိုးပေးလာတယ် ။

" ဒါကဘာအတွက်လဲ "

" လာဘ်ထိုးတာ "

" ဘာ! "

"  ဒီမုန့်လေးစားပြီး မနေ့ကလုပ်ခဲ့သမျှတွေကိုခွင့်လွှတ်ပေး "

ခေါင်းကမြေကြီးထဲရောက်အောင်ထိငုံ့နေပြီး နှုတ်ခမ်းတဆူဆူနဲ့ ပြောနေပုံကိုက မတရားတွေခွင့်လွှတ်ချင်စရာ ။
ချိုချိုသာသာပြောရင်တောင်လက်ခံနိုင်သေးတယ်
ခုဟာက ဆောင့်ကြီးအောင့်ကြီးနဲ့ ။

" ရော့ ယူလေ လက်ညောင်းနေပြီ "

"  မင်းငါ့ကို ချိုချိုသာသာပြောဖို့စိတ်ကူးမရှိဘူးလား "

အတင်းထိုးပေးနေတဲ့ချောကလက်ကိတ်ကိုမယူသေးဘဲ
လက်ကိုပါတမင်ပိုက်ပစ်လိုက်ပြီး ခပ်တည်တည်နဲ့ပြန်မေးလိုက်တော့ ခေါင်းကိုဆက်ကနဲမော့လာကာ
မျက်စောင်းခဲပြီး ကြည့်လာတယ် ။
တော်တော်လေးကိုခွင့်လွှတ်ပေးချင်စရာကောင်းပါပေရဲ့ ။

" ခနကကျခေါင်းကိုမြေကြီးထဲရောက်အောင်ငုံ့နေပြီးတော့
ခုကျ ဘယ်လိုအကြည့်တွေနဲ့လာကြည့်နေပြန်တာလဲ
အပြစ်လုပ်ထားတာက မင်းနော် ငါမဟုတ်ဘူး  "

"  စစလုပ်ချင်းဆို​တော့နည်းနည်းတော့လွဲမှာပေါ့
နောက်မလွဲအောင် လုပ်ရင်ရပြီမဟုတ်ဘူးလား  "

"မင်းကိုငါ ဘယ်လိုဆက်ပြီးယုံကြည်ပေးရမှာလဲ
"

" ကျွန်တော်ဒီတစ်ခါတကယ်သေချာပြီ
နောက်တစ်ခါ မရှိစေရဘူးဗျာ နော်
ပြီးတော့ မနေ့က တစ်နာရီလောက် ဘောင်းဘီချွတ် နဲ့နေခိုင်းပြီးပြီပဲကို ခွင့်လွှတ် ပေးပါ​တော့
နော် နော် နော်လို့ "

" မသိရင် ငါကပဲ တမင်ဘောင်းဘီချွတ်ခိုင်းထားတဲ့ပုံနဲ့ လူကြားမကောင်းအောင်ပြောမနေစမ်းပါနဲ့
ဒီနေ့ ထပ်စောင့် ကြည့်လို့မှအချိုးမပြေသေးရင်
တကယ်ထုတ်တော့မှာနော် ကြားလားပြောတာ "

" ဟီး ဟုတ်ဟုတ် အဲ့ဒါမို့ chanyeolကို ချစ်နေရတာ
အွန့်
ဒါလေးစားလိုက် "

Don't Touch My Man 《Completed》Where stories live. Discover now