24

1.1K 189 18
                                    

Unicode

​တွေ​ဝေ​နေခြင်းမရှိဘဲ ဆိုင်းမဆင့်ဗုံမဆင့်ထွက်ချလာပြီးမှ ​အိမ်ထဲဝင်ဖို့ကိုရင်ထိတ်​နေရတယ် ။
​လော​လောဆယ် baekhyunအိမ်​ရှေ့ကို​ရောက်​နေခြင်းပါပဲ ။

သူ့အ​ပေါ်​အ​ရေး​ပေးလွန်းပြီး ​တွေး​ပေးတတ်လွန်းတဲ့​ကောင်​လေးကို လူမသိသူမသိ တိတ်တဆိတ်တွဲ​နေရတာထက် မိဘ​တွေကိုတရားဝင်အသိ​ပေးပြီး သူ့အသိုင်းဝိုင်းကိုယ့်အသိုင်းဝိုင်းကြားမှာ​တော့ ချပြထားချင်တယ် ။ ဒါ​ကြောင့်ပဲ ကြာကြာ​စဥ်းစားမ​နေပဲ
အားတာနဲ့ဒီ​ရှေ့ထိ​ရောက်​အောင်ချက်ချင်းထွက်ချလာလိုက်တယ် ။

​လော​လောဆယ်အိမ်​ရှေ့တည့်တည့်​​ရောက်​နေ​ပေမယ့်​ကောင်​လေးအခက်​တွေ့သွားမလားရယ်လို့​တွေးမိ​တော့လဲတွန့်ဆုတ်​နေမိပြန်တယ် ။
ဘယ်လိုဖြစ်ဖြစ် ဒီ​ကောင်​လေးကိုတစ်ဘဝစာလက်တွဲဖို့ဆုံးဖြတ်ပြီးသားမို့ ဖြစ်လာသမျှကို ရင်ဆိုင်ပြီးကာကွယ်​ပေးဖို့​က​တော့ ကိုယ့်တာဝန်ပါပဲ။

ထပ်ပြီးတွန့်ဆုတ်မ​နေ​တော့ဘဲ ကား​ပေါ်ကဆင်းကာ
လူ​ခေါ်ဘဲလ်ကိုတီးလိုက်တယ် ။
​ရင်​တွေတဒိတ်ဒိတ်ခုန်​နေပြီး​ခြေဖျားလက်ဖျား​တွေပါ​အေးစက်​နေ​​ပေမယ့် သတ္တိအပြည့်​မွေးထားတယ် ။
ချစ်ရတဲ့Baekhyunအတွက် ဘာမဆိုရင်ဆိုင်ဖို့အသင့်ပဲ။

" ဘယ်သူနဲ့​တွေ့ချင် အာ shit  ! "

ခြံတံခါးဖွင့်ဖွင့်ချင်း ရင်ဝကို​ဆောင့်ကန်ခံလိုက်ရတယ် ။​ဒီအ​ကြောတင်းနဲ့မှစ​တွေ့ရတယ်လို့ ​သောက်ဂွပဲ ။

" Baekhyun မိဘ​တွေနဲ့​တွေ့ချင်လို့လာတာ အိမ်မှာရှိကြတယ်မလား "

ကိုယ့်ဘက်က လိုချင်တာရှိတာမို့ မကြည်​ပေမယ့်လည်း​လေသံချိုချိုနဲ့ပဲ​မေးလိုက်တယ် ။
ဒါမယ့် လူတစ်ကိုယ်လုံးကို ​ခေါင်းအစ​ခြေအဆုံးကြည့်ပြီး နှာမှုတ်လိုက်တဲ့​ရှေ့က​ကောင်က​တော့ သူ့ကိုချိုချိုသာသာပြန်ဆက်ဆံဖို့စိတ်ကူးမရှိဘူးထင်ပါရဲ့ ။

" မင်းက ငါ့ဦး​လေး​တွေအ​ဒေါ်​တွေနဲ့ ​တွေ့စရာဘာအ​​ကြောင်းရှိ​နေလို့လဲ "

" မင်းသိစရာမလိုဘူး လူကြီး​တွေနဲ့ပဲ​ပြောမယ် "

အရစ်​ကြောင်း​နေတဲ့အ​ကြောတင်းဟာ ခုထိအိမ်ထဲဝင်ခွင့်​မ​ပေးပဲ တံခါး​ရှေ့မှာတင် ​ပေကပ်ကပ်နဲ့ပိတ်ရပ်​နေတယ် ။စိတ်ရှိတိုင်းသာကိုင်​ဆောင့်လိုက်ရရင်​တော့ ကျိုး​ကြေကုန်​တော့မယ်။

Don't Touch My Man 《Completed》Where stories live. Discover now