16

1.3K 214 25
                                    

Unicode

အလုပ်က​နေ baekhyunတစ်​ယောက်မြူးထူးတက်ကြွစွာနဲ့ပြန်လာခဲ့တယ် ။ အိမ်​ရောက်ရင် ကုတင်​ပေါ် ပြစ်လှဲပြီး အနားယူမယ်ဆိုတဲ့အကြံနဲ့​။
ဘာမှမလုပ်ရပဲ ဟိုမှာတ​နေကုန် ​မှောက်လိုက်လှန်လိုက် လုပ်​နေခဲ့ရလဲပဲ ကိုယ့်အိမ်ကိုယ့်ယာမဟုတ်​တော့ ပင်ပန်းတယ်လို့ခံစားရဆဲ။

တက္ကစီ​ပေါ်က ဆင်းပြီး ခြံတံခါးကိုအသာ​လေးတွန်းလို့ ခုန်​ပေါက်ပြီးဝင်လာခဲ့တဲ့သူ့​ခြေလှမ်း​တွေဟာ ဧည့်ခန်းအ​ရောက်မှာ တုန့်ခနဲရပ်လို့သွားရတယ် ။

" So.. Sooက ဒီ ဒီကိုဘယ်လို"

အသံ​တွေတုန်လို့ ထစ်ထစ်​ငေါ့​ငေါ့​ပြော​နေတဲ့
သူ့ကို ဆိုဖာ​ပေါ်​ခြေချိတ်ထိုင်​နေတဲ့ Do Kyung Soo​က မျက်လုံးလှန်ကြည့်တယ် ။ ရုပ်က​လဲတည်တင်း​နေလိုက်တာမှ ​ပေါက်ကွဲထွက်​တော့မလိုပဲ။

" ခု ဘယ်ချိန်ရှိ​နေပြီလဲ "

" ၇ ၇နာရီခွဲ "

" ဒီချိန်ထိ ဘယ်​တွေသ​ဝေထိုး​နေတာလဲ
ငါမင်းကိုဘယ်ချိန်ထိပဲ အပြင်မှာ​နေလို့မှာထားသလဲ "

" ဟို.."

​အမှန်တိုင်း​ဖြေရင် အသတ်ခံရနိုင်တာ​ကြောင့်
ပါးနဲ့မားကိုစစ်ကူ​တောင်းဖို့ရှာလိုက်​ပေမယ့် ​စောနကတင် တစ်ဖက်ဆိုဖာမှာ သတင်းစာဖတ်​နေတဲ့ ပါးက​​ချောင်းတစ်ချက်ဟန့်ကာထထွက်သွားပြီး မားကလည်း မီးဖို​ချောင်ထဲက​နေ ​ခေါင်းပြူပြီးသူ့ကိုလျှာထုတ်​ပြောင်ပြတယ် ။ အာ တကယ်ကို ကူကယ်ရာမဲ့​နေပြီပဲ ။ ​​ရှေ့ကလူကို ​ကြောက်လွန်းလို့ ​သူ ​​သေး​တောင်ထွက်ကျ​တော့မယ် ။

" အမှန်တိုင်း​ဖြေတာပဲလိုချင်တယ်
ငါ့ကိုလိမ်ဖို့မကြိုးစားနဲ့ "

" Soo yahh ..khyunကို တစ်ခါ​လောက်ပဲခွင့်လွှတ်​​ပေးလို့မရဘူးလား "

မတတ်သာ​တော့တဲ့အဆုံး သူSoo​ဘေးကို အ​ပြေး​လေးသွားပြီး လက်​​မောင်း​တွေကို ဆွဲလှုပ်ကာ အသနားခံရ​တော့တယ် ။
Do Kyung Sooဆိုတာက တစ်မျိုးလုံးမှာBaekhyun​ကြောက်ရတဲ့တစ်ဦးတည်း​သောလူသား ။ ​ပါး အကိုရဲ့ အားကိုးရတဲ့သားဖြစ်သလို
သူ့အ​ပေါ်လဲ စည်းကပ်တင်းကြပ်လွန်းတဲ့ အကိုတစ်​ယောက် ။ လွန်ခဲ့တဲ့နှစ်​တွေက တစ်ခြားနိုင်ငံက
ကုမ္မဏီမှာ​ Sooက အ​တွေ့အကြုံရ​အောင်သွား​လေ့လာ​နေခဲ့လို့ သူတအား​တွေလွတ်လပ်​နေခဲ့တာ ။
ခု​တော့ သူ့ဘဝ​လေး​တော့ ရှင်လျက်နဲ့​သေရ​တော့မှာပါလား ။ park chanyeolကယ်ပါ ..

Don't Touch My Man 《Completed》Donde viven las historias. Descúbrelo ahora