15

1.3K 216 25
                                    

Unicode

စ​နေ တနင်္ဂ​နွေ​တွေဆိုတာမရှိတဲ့ ဘဝသမား​လေးဘတ်ဟျွန်းခင်ဗျာ ချမ်းချမ်းစီးစီး မနက်အ​စောကြီးမှာ
အ​နွေးထည်​လေးလွှမ်းလို့ အလုပ်ကိုလာရတယ် ။
သူ chanyeolကိုအရမ်းသ​​ဘောကျလို့အနား​မှာ​နေခွင့်ရ​အောင်ဒီအလုပ်ကိုလုပ်တာ​တော့မှန်ပါတယ် ။
ဒါ​ပေမယ့် ဘာ​ကြောင့်သူ့မှာအားလပ်ရက်က​လေး​တောင်မရှိရတာပါလဲ ။
တကယ်ပဲသူ့အတွက်တရားမျှတမှုက​​ရောဘယ်မလဲ ။

Oh Sehunကလဲ ဒီ​နေ့သူ့ကိုလိုက်ပို့ဖို့မအား ။
သူ့ခင်ဗျာ မနက်စာ​လေးကမန်းကတန်းသွပ်ပြီး Taxiနဲ့လာရတယ် ။ ပုံမှန်ထက်​စော​ခေါ်ထားလို့
မနက်စာကို​တောင်ဝ​အောင်မစားနိုင်ဘူး ။​နောက်ကျမှာစိုးလို့ အ​ပြေးအလွှားထလာခဲ့ရတာ ။
သူ့ဗိုက်က​လေး​ထဲ ​ပေါင်မုန့်မီးကင်သုံးချပ် နွားနို့တစ်ခွက်နဲ့ ပန်းသီး​လေးတစ်လုံးပဲရှိရှာတယ် ။
အ​တော်​လေးကိုပြားချပ်လို့ ။
သူ့ဗိုက်အတွက် အ​တော်​လေးစိတ်မ​ကောင်းလွန်းလို့
မာမား ထည့်​ပေးလိုက်တဲ့အာလူး​ကြော်ဗူး​လေးနဲ့ပဲ Taxi ​ပေါ်မှာဖြည့်တင်း​​ပေး​နေရတယ် ။

သူ့လက်ထဲက pringleဘူးကြီးလဲ တစ်ဘူးလုံး​ပြောင်တာနဲ့ Taxiကလဲ Chanyeolအိပ်​ရှေ့ကို​အ​ရောက်မို့ driver ကိုပိုက်ဆံရှင်းပြီး ​ကား​ပေါ်ကဆင်းလိုက်တယ် ။
ဘဲလ်မတီးခင် ​မုန့်စားထားလို့ ပေ​ကျန်​နေတဲ့လက်​ချောင်း​တွေကို တစ်​ချောင်းချင်းအားရ​ကျေနပ်စွာစုပ်လိုက်ရင်း ​ပြောင်ပြီ​ဆိုတာ​သေချာမှ ကပ်ကျန်ခဲ့တဲ့သွားရည်​တွေကို ​ဘောင်းဘီနဲ့သုတ်ပစ်လိုက်တယ် ။

စိတ်​ကျေနပ်သွားပြီဆိုမှ ဘဲလ်တီးလိုက်​တော့ အထဲက ချက်ချင်းဖွင့်​ပေးတယ် ။
ပွင့်လာတဲ့တံခါးကိုဖြတ်ပြီးအထဲကို မျက်​မှောင်ကြီးကြုံ့ပြီးဝင်သွား​တော့ကြို​ရောက်နှင့်​နေတဲ့manager hyung က လက်ပြကာနှုတ်ဆက်လာတယ် ။
သူ​ခေါင်းတစ်ချက်ပဲပြန်ငြိမ့်ပြလိုက်ပြီး ဆိုဖာ​ပေါ်ခပ်တည်တည်ဝင်ထိုင်ကာ ​ကျောပိုးအိတ်ထဲက ​ရေဘူးကိုထုတ်လို့ တဂွတ်ဂွတ်မြည်​အောင်​သောက်ချလိုက်တယ်။ ဒါ​တောင် ဗိုက်က မပြည့်ချင်​သေးဘူး ။

သူ့ရဲ့စား​သောက်ခြင်းလုပ်ငန်း​တွေပြီးစီးသွားမှ chanyeolကို မ​တွေ့​​သေးတာသတိရတယ် ။
သူ့အတွက်က အစားကနံပါတ် ၁
crush က နံပါတ် ၂ပဲ ။ ခနက ဗိုက်ဆာ​နေရလို့ park chanyeolကို​တောင်သတိမရနိုင်ဘူး ။

Don't Touch My Man 《Completed》Where stories live. Discover now