9

1.5K 259 52
                                    

ဘဝမှာ သင်ခန်းစာအကြီးကြီး တစ်ခုကိုchanyeol ခု​​လေးတင်ပဲရလိုက်တယ် ။
Byun Baekhyun အလိုကို ​နောက်ဘယ်​တော့မှမလိုက်​တော့ဘူးဆိုတာပါပဲ။
​ပြေးရာကပြန်လာပြီး​ရေတူတူချိုးမယ်ဆိုကာတံခါးကိုအတင်းဆွဲဖွင့်​နေတာ​ဘယ်လိုမှကို​ပြောမရ ။

​ရေချိုးခန်းတံခါးကို အတွင်းဘက်က​နေ chanyeol က တင်းတင်းဆွဲထား​​​​နေပြီး Baekhyunက​တော့အပြင်က​နေ ​ခြေစုံကန်ပြီးကိုမရမကဆွဲဖွင့်​နေတယ် ။

" ​ယောကျာ်း​လေးအချင်းချင်းကို chanyeolကဘာဖြစ်​နေတာလဲ တူတူချိုးရင်အချိန်ကုန်​တောင်သက်သာ​သေးတယ် "

" မင်းနဲ့မို့လို့ကိုမချိုးတာကွာ Byun Baekhyunဆိုတဲ့ မင်းကို​​ကြောက်လွန်းလို့ကို မချိုးချင်တာ
အချိန်​​​တွေကြာတယ် လွှတ်စမ်းပါ "

ဘယ်ထဲက အား​တွေထုတ်ပြီးဆွဲထားမှန်းကိုမသိ ။
သူအတွင်းက​နေ အားကုန်ထုတ်ပြီး ပိတ်​နေတာ​တောင် ဘယ်လိုမှ မရ ။
​တော်​တော်ကို စိတ်ဓါတ်ပြင်းပြပြီး ကိုယ်​စွမ်းရှိသမျှကြိုးစား​နေတာဒင်းက ။

" မင်းလွှတ်မလားမလွှတ်ဘူးလား "

" ​ရေတူတူချိုးပြီး ရင်းနှီးမှု​လေးရယူ​အောင်ပါchanyeolရာ
ကျွန်​တော့်ကိုအမြင်မကြည်​နေတာမလား
လုပ်စမ်းပါ "

" ဘာရင်းနှီးမှုမှမယူဘူး မင်း မလွှတ်ရင် ငါ အလုပ်ထုတ်ပြစ်မှာ​​နော် "

" chanyeolကစိတ်ဓါတ်ပဲ လွှတ်မယ်လွှတ်မယ် "

အချိန်ကုန်သက်သာ​အောင်လဲလုပ်​ပေးရ​​သေးတယ် ။
အလုပ်ထုတ်မယ်​လေးဘာ​လေးနဲ့Park Chanyeolကအကျင့်ကိုပုတ်တယ် ။
Sehunဆို အိမ်လာတာနဲ့တူတူချိုး​နေကြပဲကို ။

" ထွက်ရဲထွက်လာကြည့် ဆွဲချွတ်ပြစ်မယ် "

အရှက်သည်း​နေတဲ့Park Chanyeol ကို ​ရေချိုးခန်းအဝမှာ baekhyunတစ်​​ယောက် ငုတ်တုတ်ထိုင်​စောင့်​နေတယ် ။

​ရေချိုးခန်းထဲက ထွက်လာပြီဆိုတာနဲ့ သဘက်ကို
အလင်းရဲ့အလျင်နဲ့ဆွဲချွတ်ပြီးကို အိမ်ပြင်ထွက်ပြေးပစ်မယ် ။ သတ္တိရှိရင်လိုက်ခဲ့ပဲ ။

baekhyun အကြံကိုမသိတဲ့ chanyeolက​တော့
​ခေါင်း​တွေပါ​လျှော်ပြီး ​အေး​အေး​ဆေး​ဆေး​ရေချိုး​နေရဲ့ ။

Don't Touch My Man 《Completed》Where stories live. Discover now