23

1.2K 202 38
                                    

Unicode

chanyeol ရဲ့အတင်းဆွဲထားမှုနဲ့ အိမ်ပြန်​နောက်ကျတဲ့ရက်ကစပြီး မာမား ဆူထားလို့ အပြင်ထွက်ဖို့ခက်ခဲသွားတယ် ။
အခန်းထဲက​နေ ​ခြေ​ထောက်​လေးထုတ်လိုက်တာနဲ့ တံမြက်စည်းနဲ့ဖြတ်ရိုက်ပြီးသားပဲ ။

ပူပူ​နွေး​နွေးရည်းစား​လေးကို အချ်ိန်တိုင်း​တွေ့ချင်စိတ်ကတကယ်ကိုထိန်းမရသိမ်းမရနဲ့ ။
ပင်ပန်း​နေတဲ့သူ့အသံ​လေးကြားရင် ​ပြေးဖက်​ပေးထားချင်​တော့တာပဲ ။
ဒါမယ့်လည်း​မာမားကကန့်လန့်ခံ​နေ​တော့အခက်​တွေ့​နေရတယ် ။

" မာမား သားသား​လေး ဟို "

" အခုတိတ် ဆက်မ​​​ပြောနဲ့! "

​ဘေးနားမှာမိန့်မိန့်ကြီးထိုင်ပြီး အသီးပန်းကန်တစ်ချပ်နဲ့ drama ကြည့်​​နေ​ပေမယ့် သူ့ကိုဆူ​ငေါက်ဖို့ရာလည်းအားမ​လျော့ ခဲ့။
မသိဘူး Park Chanyeolကိုလွမ်း​တော့ ဆက်ကြိုးစားရမှာပဲ ။

" ဒီတစ်ခါ မကြာ ခန အာ အု အ ! "

ဘယ်ချိန်ထဲက ​ဘေးမှာချထားမှန်းမသိတဲ့တိတ်​ခွေကိုဆက်ကနဲဆွဲဖြတ်ကာ တိတ်အပိုင်းတစ်ခုနဲ့ baekhyunပါးစပ်ကိုပိတ်ခံလိုက်တယ် ။
ရက်စက်လိုက်တာမာမားရယ် ။

" ငါအဲ့​နေ့က ​စော​စောပြန်လာလို့​ပြောလားမ​ပြောဘူးလား ဟမ် ! 
မင်းပါပါးပြန်လာရင် အဆူခံရမှာစိုးလို့ကို​သေချာမှာတယ်
ဒါကိုအ​ရေးလုပ်ပြီး ပြန်မလာခဲ့တာ ဘာအချိုးလဲ
ကြားထဲက ငါနဲ့ မင်းဖ​အေ နဲ့ပဲအချင်းများရတယ်
​ခုငါ့ကိုစိတ်​ကောက်သွားလို့ ပတ္တမြားဘယက်ဝယ်မ​ပေး​တော့ဘူးတဲ့  အဲ့ဒါကို မင်းဘယ်လိုတာဝန်ယူမလဲ "

" အု အု အွန်း "

" ​ဘေးနားမှာ ​ခွေး​ပေါက်စလို တအုအုလာလုပ်မ​နေနဲ့ သွားအခန်းထဲပြန် အိမ်ပြင်ကို ​ခြေတစ်လှမ်း​တောင်လှမ်းရမယ်မထင်နဲ့ "

ပါးစပ်က တိတ်ကြီးကိုစိတ်​ပေါက်​ပေါက်နဲ့အားကုန်ဆွဲခွာပြစ်ပြီး စိတ်ပျက်လက်ပျက်နဲ့ပဲ အခန်းထဲပြန်ဝင်လာရတယ် ။ စုထားတဲ့ပိုက်ဆံ​တွေကလဲ chanyeol ကို support လို့ ကုန်သွားပြီရယ် ။
မဟုတ်ရင် အဲ့ပတ္တမြားဆွဲကြိုးကြီးဝယ်​ပေးပစ်တယ် ။

Don't Touch My Man 《Completed》Where stories live. Discover now