14

1.4K 217 28
                                    

Unicode

ဒီက​နေ့ ရာသီဥတုကမသာယာ။
မိုး​တွေအုံ့ပြီး မြူပါဆိုင်း​နေလို့ အ​သွေးအသားထိတိုင် စိမ့်ဝင်​နေတဲ့အ​အေးဓါတ်က မခံမရပ်နိုင်​လောက်​​အောင်ကိုဖြစ်​နေတာပင်။
မာဖလာကို လည်ပင်းတစ်ခုလုံးလုံ​နေ​အောင်ပတ်
အထဲက sweatshirt ကိုမှ
အ​​နွေးထည်ရယ် ကုပ်ရယ်ထပ်ဝတ် ​beannieကို​နားရွက်ကွယ်​အောင်စွပ်ပြီးလူတစ်ကိုယ်လုံးကို မြုပ်​နေ​​စေလိုက်တာ​တောင် ချမ်းစိမ့်စိမ့်ဖြစ်​နေတုန်းမို့

ကား​ပေါ်​ဆောင်ထား​​နေကျ ​စောင်အပါး​လေးကို ထပ်ခြုံလိုက်တော့ မန်​နေဂျာ hyungရဲ့ ​အေးတတ်ရန်​ကောဆိုတဲ့အကြည့်နဲ့ အကြည့်ခံလိုက်ရတယ် ။
မတတ်နိုင်ဘူး ​နွေးရင်ပြီး​ရော ဘယ်လိုကြည့်ကြည့် ။

ကား​လေးက တ​ရွေ့​ရွေ့နဲ့company​ရှေ့​ရောက်လာ​တော့ထုံးစံအတိုင်း Byun Baekhyunက ​ရှေ့မှာရပ်​စောင့်​​နေ​လေရဲ့ ။ hoodie အဖြူ​ရောင် အကြီးကြီးကိုမှ​အောက်ကဂွမ်း​ဘောင်းဘီအသား​ရောင်ပွပွကြီးနဲ့တွဲဝတ်ထားပြီး ​ခေါင်း​ပေါ်မှာ နားရွက်နှစ်ဖက်​ထောင်​နေတဲ့ သိုး​မွှေးဦးထုပ်ကို ဖရိုဖရဲဆင်မြန်းထားတဲ့​အနှီလူသားက ​အေးလွန်းလို့ထင် sneaker အဖြူ​လေးစီးထားတဲ့​ခြေ​ထောက်နှစ်​ချောင်းကို ခုန်ဆွခုန်ဆွလုပ်​နေ​​တယ်။

ဒီ​လောက်​အေး​နေတာကိုအထဲဝင်​စောင့်ရ​ကောင်းမှန်းမသိ ။ ​ပြောရင်လည်း နှုတ်ခမ်းကတစ်​ထောင်​လောက်ထွက်လာပြီးကတ်ကတ်လန်ရန်ပြန်​တွေ့ဦးမယ်။ချစ်စရာ​ကောင်းတာကလွဲသုံးစားရတာကိုမရှိ။

" ယုန်လိုလိုအ​ကောင် အထဲဝင်မယ် မြန်မြန်လိုက်ခဲ့ "

ကား​ပေါ်ကဆင်းပြီးတာနဲ့ companyထဲသုတ်​ခြေတင်ဝင်သွားတဲ့chanyeol​နောက်Baekhyun​ကောက်​ကောက်ပါ​အောင်​ပြေးလိုက်​ရတယ် ။
သူအချိန်မှားပြီး ​စော​ရောက်​နေလို့ တစ်နာရီ​လောက်
​အေး​အေးကြီးထဲရပ်လိုက်ရတယ်​လေ ။
ခဲမ​သေတာကံ​ကောင်း ။

chanyeolကသူ့ကိုတစ်ချက်​တောင်လှည့်မကြည့်ဘဲ
ဓါတ်​လှေကားထဲဝင်သွား​တော့ နောက်က​နေလိုက်ဝင်လိုက်တယ် ။ ခုမှပဲနည်းနည်း​နွေးသွား​တော့တယ် ။

Don't Touch My Man 《Completed》Where stories live. Discover now