11

1.4K 258 19
                                    

မနက်နိုးလို့ မျက်စိနှစ်လုံးပွင့်ပြီး ဖုန်း​လေးဖွင့်ချလိုက်တာနဲ့ တန်းစီပြီးတက်ချလာတဲ့article​sတွေ ။
Park Chanyeolနဲ့ အနုပညာ​လောကထဲက မဟုတ်တဲ့မိန်းက​လေးတစ်​​ယောက်Datingတဲ့။

ခွက်ထိုးခွက်လန်ကို ရယ်ချမိလိုက်​​တော့တာပါပဲ။
ဘယ်နှယ့် schedule ​တွေက ဆက်​နေလို့
ဖင်ယားရင်​တောင်ကုတ်ဖို့အားမ​နေတာကို ဘယ်သူနဲ့သွားဒိတ်ရမှာလဲ ။​ပေါက်​ပေါက်ရှာရှာပဲ ။
ဒီတ​လောalbumလဲထွက်ထားပြီး collab​တွေလဲဆက်တိုက်လုပ်​နေရ​တော့ ဒါမျိုး​တွေတက်လာတာထူး​​တော့မထူးဆန်း ။
ငြင်းရုံပဲရှိ​တော့တာ​ပေါ့။

Ring......

" Hello hyung Dating တဲ့ဟာသပဲ "

article ​တွေတစ်ခုချင်းလိုက်ဖတ်ပြီးရယ်​နေတုန်းဝင်လာတဲ့ဖုန်းက မန်​နေဂျာhyungဆီက ။
ကိုယ်ကသာ ရယ်​​နေ​​ပေမယ့်hyungက​တော့သက်ပြင်းတချချနဲ့ ။ စိတ်ပူ​နေတာ ​နေမယ် ။

" သက်ပြင်းချမ​နေစမ်းပါနဲ့hyungရာ မြန်မြန်ဆန်ဆန်ငြင်းလိုက် ခုချိန် ကျွန်​တော့်fan​တွေလဲ ပွက်​လောရိုက်​နေ​လောက်ပြီ "

" Chanyeolအဆင်​ပြေရင်ပြီးတာပဲ hyung company ကိုအရင်သွားပြီး ဒီကိစ္စကိုရှင်းလိုက်မယ် Chanyeolက ပြီးမှ Baekhyunနဲ့လာခဲ့လိုက် "

" nae hyung ဒါဆို ကျွန်​တော်ဖုန်းချလိုက်​တော့မယ် "

မန်​နေဂျာhyungဖုန်းချသွားပြီးမှ ညက ဂိမ်း​​ဆော့ထားလို့ မီးနီပြ​နေတဲ့ဖုန်းကို အားသွင်းပြီး ​ရေမိုးချိုးဖို့ပြင်လိုက်တယ် ။
​​ရေချိုးပြီးလို့ အဝတ်လဲခန်းထဲသွား​တော့ အမှတ်မထင် Baekhyunကို​တွေးလိုက်မိ​​သေးတယ် ။
အဝတ်​တွေကြားထဲက​နေ သဘက်ချွတ်ချလိုက်တဲ့သူ့ကို မျက်လုံးဝိုင်း​တွေနဲ့ ​မော့ကြည့်​နေခဲ့တာကို မြင်​ယောင်မိပါ​သေးရဲ့ ။ တကယ်ရီရတဲ့ဟာ​လေး ။

အဝတ်အစားလဲ အားလုံးပြင်ဆင်ပြီး​စီး​​​တော့ ကိုးနာရီ။ဒီ​နေ့schedule က ကိုးခွဲစမှာဆို​တော့ ခုထဲက ထွက်မှ ကားပိတ်တာဘာညာနဲ့အဆင်​ပြေမှာ ။
အဆင်မ​ပြေတာက​ ခုထိ Baekhyun ကြွမလာ​သေးတာပဲ ။ ​သေချာမှာထားရဲ့သားနဲ့ ဒီ​ကောင်​လေးဘာလို့​​ရောက်မလာရ​သေးတာလဲ။ဖုန်းဆက်ကြည့်မှဖြစ်မယ် ။

Don't Touch My Man 《Completed》Unde poveștirile trăiesc. Descoperă acum