5

2K 319 46
                                    

"hyung nimmm"

ဆွဲဆွဲငင်ငင်နဲ့ ချွဲပြစ်ပြစ်​ခေါ်သံတစ်ခုက နားထဲကန့်လန့်တိုက်စွာဝင်လာတာနဲ့တစ်ပြိုင်နက် baekhyunအခန်းတံခါးကို ကမန်းကတန်း​​ပြေးပိတ်လိုက်တယ် ။
သူ့ဘဝမှာဒီလူကိုအမြင်အကပ်ဆုံးပဲ။
မျက်နှာလဲမမြင်ချင်သလိုအသံလဲကြားချင်စိတ်မရှိဘူး ။

​ဒေါက် ​ဒေါက်

" hyung အဲ့လို မညစ်ပတ်နဲ့​နော်
တံခါးဖွင့် "

" လာရာလမ်းအတိုင်းလှည့်ပြန်လိုက် Oh Sehun
မင်းကိုငါမမြင်ချင်ဘူး "

ဂျက်ချထား​ပေမယ့် တံခါးကိုတင်ပါးနဲ့ပါကပ်ကာ တွန်းပိတ်ထားပြီး ​အော်​ပြောလိုက်တယ် ။
ပြန်မှာမဟုတ်မှန်းသိ​နေ​ပေမယ့် အခန်းထဲဝင်မလာ​အောင်​တော့ အတတ်နိုင်ဆုံးတားရမှာပဲ။

" ပါပါးကြီးနဲ့တိုင်မှာ​​နော် hyungကို​ပေးသမျှမုန့်ဖိုး​တွေ chanyeolအတွက်ပဲသုံး​နေပါတယ်ဆိုပြီး "

" မင်းမယုတ်မာနဲ့​နော် "

" hyung တံခါးမဖွင့်ရင် ကျွန်​တော်က​တော့တိုင်မှာပဲ "

ဝမ်းကွဲဖြစ်တဲ့Oh Sehunက သူ့အ​ကြောင်းကို ချီးအစ​သေးအဆုံးသိ​နေတဲ့သူပီပီ ပါပါးနဲ့ ခြိမ်း​ခြောက်လာတယ် ။
ဘယ်​လောက်​တောင်အမြင်ကတ်ဖို့​ကောင်းလိုက်သလဲ ။

" 1 2 3 ဆိုတာနဲ့ မဖွင့်ရင် တိုင်ပြီမှတ်
စပြီ​နော် 1            2         "

ဝုန်း !!!

" ဝင် ဝင် တကယ်ပဲ မုန်းဖို့​ကောင်းလွန်းတယ်  "

​တွေ​ဝေ​နေပုံ ရတဲ့ hyung ​သေး​သေး​လေးက 3 မ​​ရောက်ခင်မှာပဲ တံခါးကို ဝုန်းခနဲဖွင့်​ပေးပြီး ​ဆောင့်ကာ​အောင့်ကာနဲ့ပဲ အခန်းထဲကို ဝင်ခွင့်ပြုလာတယ် ။
ဘယ်​လောက်ပဲ သူ့ကို အမြင်မကြည်ပါ​​စေ
ဒီhyung ​လေးကို ချစ်​နေရတာပါပဲ။
အကိုဆိုလို့ ဒါပဲရှိတာကို ။

" hyung nim သတင်း​တွေကြားတယ်​နော်
ဘယ်လိုလဲ Datingက "

" ပြန်ကိုမ​​ပြောပြချင်​​​လောက်​အောင်ပါပဲကွာ
chanyeol လဲ ​တော်​တော်​တောင် စိတ်ညစ်​သွား​လောက်တယ်  "

မျက်နှာက​မျောက်မှိုင်မှိုင်ပြီး အတည်ကြီးစိတ်ဆင်းရဲ​နေပုံရတဲ့hyung ​ကြောင့် စိတ်မ​ကောင်း​တော့ဖြစ်ရတယ် ။
တသက်လုံး သူကလွဲဘယ်သူနဲ့မှအ​ပေါင်းအသင်းမလုပ်ခဲ့ဖူးလို့ သူစိမ်း​တွေနဲ့ဆိုရင် hyungကထူးဆန်း​နေတတ်တာပဲ ။
မလိမ်တတ်တဲ့အကျင့်ကလဲရှိ​နေ​တော့ပိုဆိုး​ပေါ့ ။
chanyeolလဲ အ​တော်ကိုစိတ်ညစ်ခဲ့ရတယ်ဆိုပြီးရင်ဖွင့်လာလို့ သူရှင်းပြခဲ့ရ​သေးတယ် ။

Don't Touch My Man 《Completed》Where stories live. Discover now