20

1.5K 223 68
                                    

Unicode

:: လူကြီးမင်းပို့​သော message အား လိမှ reply မပြန်ပါ 🖕

ငါးဆယ့်ငါးကြိမ်​မြောက်ပြန်ရတဲ့replyကိုကြည့်ပြီး
chanyeolသက်ပြင်းချကာ practice roomရဲ့ကြမ်းပြင်​ပေါ် ပက်လက်လှန်ချလိုက်တယ် ။
သူ baekhyunကိုဆက်သွယ်လို့မရတာ ခုဆိုရင် သုံးရက် ။
သူဘာပို့ပို့ auto replyလုပ်ထားသလိုမျိုး ​စော​စောကmessageကိုပဲထပ်ခါတလဲလဲ
ပြန်ရ​နေ​တော့တာ  ။ ဟို​နေ့က ကိစ္စ​ကို စိတ်ဆိုးမ​ပြေ​သေးဘူးလား ။

အရင်ဘုကလန့်​လေး​တွေပြန်ပို့တာကမှ ​နေသာထိုင်သာရှိ​သေးတယ် ။ ခု ဒီလိုချည်းလုပ်​နေ​တော့ သူ့မှာ ဘာလုပ်လုပ်စိတ်မပါနိုင်ပဲ အကုန်တလွဲတ​ချော်နဲ့ ။
အလုပ်လဲ ​ကောင်း​ကောင်းမလုပ်နိုင်သလို အစားလဲ​ကောင်း​ကောင်းမစားနိုင်ဘူး ​။

" မင်းမရှိ​တော့ ဘာတစ်ခုမှကို အဆင်မ​ပြေဘူး baekhyun ​ရေ ..."

" လွမ်းနာကျ​နေတာလား chanyeol "

" Kai မင်းဘယ်လိုလုပ် ! "

အခန်းထဲတစ်​​ယောက်တည်းရှိတယ်ထင်ပြီး ​အော်ငြီးလိုက်​ပေမယ့် ဘယ်ချိန်က ဝင်လာလိုက်မှန်းမသိတဲ့
Kai ရဲ့အသံ​ကြောင့် လန့်ဖြန့်ပြီးထထိုင်လိုက်မိတယ် ။ Kai ကြားသွားပြီလား!!

" ဒီရက်ပိုင်း အရမ်းထူးဆန်း​နေတယ်မှတ်တာ လက်စသတ်​တော့ ​တောက်တိုမယ်ရ​လေးကို လွမ်း​နေရှာတာပဲ "

" မဟုတ်ပါဘူး ငါက ဘာလို့သူ့ကိုလွမ်းရမှာလဲ "

" လာလိမ်မ​နေနဲ့  မင်းအ​ကြောင်းမသိရင်ခက်မယ်
baekhyunမရှိထဲက စိတ်မမှန်​နေတာ ငါက မရိပ်မိဘူးထင်​နေလို့လား "

Kaiရဲ့ ယုံကြည်ချက်အပြည့်နဲ့ အခိုင်အမာ​ပြော​နေမှု​ကြောင့် သူ့မှာ ငြင်းမရ​ ။
ဘာပဲဖြစ်ဖြစ် Kaiက​တော့ စိတ်ချရ​လောက်မှာပါ
သူ့ရင်ထဲဘာ​တွေပူ​လောင်​နေလဲ ဆိုတာ ဖွင့်ထုတ်ပြီး တိုင်ပင်လိုက်သင့်လား...

" Kai  ငါ​လေ "

" အင်းသိတယ် baekhyun ကိုကြိုက်​နေတာမလား "

" ဟမ် မင်းဘယ်လိုသိ!  "

သူဘာမှမ​ပြောရ​​သေးခင် Kaiကပြုံးစစနဲ့အရင်ဖြတ်​​ပြောလာတာမို့ အံ့သြမှု​ကြောင့် သူ့မှာပါးစပ်အ​ဟောင်းသား ။ သူကိုယ်တိုင်​တောင်မ​သေချာတာ Kai ကဘယ်လိုလုပ်ပြီးများ..

Don't Touch My Man 《Completed》Where stories live. Discover now