27

1.1K 155 71
                                    

Unicode

တစ်နှစ်တာ ကုန်ဆုံးသွား​ပေမယ့် အဆင်​ပြေသလား​မေးလာရင် ဘယ်လိုမှကိုအဆင်မ​ပြေပါ ။
Ent အသစ်ကိစ္စ​တွေနဲ့ ကြပ်သိပ်​နေတဲ့schedule​တွေ​ကြောင့်သာ​ဖြေသာနိုင်ခဲ့​ပေမယ့် ခုလိုvacationရတဲ့အချိန်မှာ​တော့ တကယ်ကိုငရဲကျ​နေတဲ့အတိုင်းပဲ ။

အရင်ဆိုခရီး​တွေထွက် ကမ်း​ခြေ​တွေပတ်ပြီး
အနှံ့​လျှောက်သွားမိမှာ​ပေမယ့် ခု​တော့အိမ််မှာပဲနားရင်း Byun Baekhyunကိုပဲလွမ်း​နေရတယ် ။
ဒါဟာဘယ်ဘဝက ဝဋ်​ကြွေးများပါလဲ ။

တိုက်ဆိုင်စွာနဲ့ပဲ ရာထူးတက်သွားတဲ့တပ်သား​ဗြောင်ဟာအလုပ်​တွေများ​နေခဲ့ပြီး တစ်လတစ်ခါဆက်သွယ်ဖို့​တောင်အနိုင်နိုင်ဖြစ်​နေရတယ် ။ သူ့မိဘ​တွေက​တော့ သွား​တွေ့ကြ​ပေမယ့် ပါပါရာဇီ​တွေကို​ရှောင်လွှား​နေရတဲ့chanyeolက​တော့ စိတ်သွားတိုင်းကိုယ်မပါနိုင်ခဲ့ ။
အိပ်ယာထဲမှာ​ခွေ​ခေါက်လှိမ့်ပိန့်​နေရင်းနဲ့ လွမ်းနာကျတဲ့ဒဏ်ကိုအလူးအလဲခံစား​​နေရတယ် ။

Tin...

" shit စိတ်ညစ်ရတဲ့ကြားထဲဘယ်သူလာတာလဲ!! "

ကျယ်​လောင်စွာထွက်လာတဲ့လူ​ခေါ်ဘဲလ်သံက ညစ်​နေတဲ့စိတ်​တွေကို ပိုပြီး​တောင်ရှုပ်​ထွေး​သွား​စေတယ် ။
တစ်​ယောက်တည်းပဲ​နေချင်ပါတယ်ဆိုမှပဲ ။

ပွစိပွစိလုပ်​နေ​ပေမယ့် ​အောက်ဆင်းပြီးတံခါးဖွင့်​ပေးလိုက်တယ် ။remoteနဲ့မို့​တော်ပါ​သေးရဲ့။
မဟုတ်ရင်ဒီပုံစံနဲ့ သွားလို့က​တော့image​တွေ ပျက်ပြီပဲ။

အထဲကလှမ်းပြီးတံခါးဖွင့်ပြီးတာနဲ့ဆိုဖာ​ပေါ်ကိုဘုန်းကနဲ​မှောက်ချပစ်လိုက်တယ် ။
သူတကယ်ကိုဘာမှလုပ်မ​နေချင်ဘူး ။

" ဟာ ​ဟေ့​ကောင် အဲ့တာဘာဖြစ်​နေတာလဲ "

"  မင်းကဘာလာရှုပ်တာလဲ!! "

အိမ်ထဲကိုအသံဆာဆာနဲ့ဝင်လာပြီးတဲ့လူက
သူနဲ့ vacation တူတူရထားတဲ့Kai ။
​နေ့တိုင်းmessage​တွေပို့ပြီး ချိန်း​နေ​ပေမယ့် အမြဲငြင်း​နေလို့ အိမ်ထိ​ရောက်လာတာ​နေမယ် ။

" မင်းအိမ်ထဲမှာပဲ​ကွေး​နေလို့လာ​ခေါ်တာ​လေ
ထစမ်းပါchanyeolရာ အပြင်​လေးဘာ​လေးသွားရ​အောင်ပါ "

Don't Touch My Man 《Completed》Where stories live. Discover now