17

1.3K 223 23
                                    

Unicode

တစ်ညလုံးအ​တွေးများခြင်းရဲ့အကျိုးဆက်က
​နောက်ထပ်တစ်ရက်တာ အိပ်​ရေးပျက်ရတာနဲ့အဆုံးသတ်တယ် ။  အိပ်​ရေးပျက်လို့ ငူငူငိုင်ငိုင်ဖြစ်ရမဲ့အစား သူဟာ လက်သည်း​တွေကိုတတိတိကိုက်လို့ အ​တွေး​တောထဲမှာသာ ​​မျော​မိ​နေဆဲ။

ပတ်ဝန်းကျင်ကသာ ​မှောင်ရာက​နေ တဖြည်းဖြည်းလင်းလို့လာတယ် ။ park chanyeolက​တော့ ကုတင်ကိုမှီလို့ ​ခေါင်းအုံးကိုပိုက်ရင်း မျက်​မှောင်ကြီးကြုတ်ကာ ထိုင်​နေရာမှာမထ ။

သူ့ကိုယ်သူ ခုထိ ​ဝေခွဲမရဘူးဖြစ်​နေတယ် ။
သူ​က ကျားစစ်စစ် မိန်းက​လေး​တွေမြင်ရင် ​ငေးတတ်ခဲ့ဖူးတဲ့ ​ယောကျာ်းစစ်စစ် ။
​တောင့်​ဖြောင့်တဲ့ ခန္ဓာကိုယ်နဲ့ မြင့်မားတဲ့ အရပ်
​အ​မောင်းအပြင် ​လေးနက်တည်ကြည်တဲ့ မျက်နှာ​ပေါက်ကိုလဲပိုင်ဆိုင်ထားလို့ သန်း​ပေါင်းများစွာ​သောfan girlsတို့ရဲ့
ideal type ဆိုလဲမမှားတဲ့ အမျိုး​ကောင်းသားစစ်စစ်  ။
ဒါဆိုသူက ဘာမှား​နေတာလဲ ။

နှစ်ရက်ဆက်တိုက်မအိပ်ရလို့ ဦး​နှောက်တစ်ခုခုချို့ယွင်းသွားတာလား ။
ဒါလဲမဖြစ်နိုင်ဘူး ။သူ ထရိန်နင် ဆင်းခဲ့တဲ့အချိန်​တုန်းက ၁ပတ်​လောက် ထိ မအိပ်နိုင်ဘဲ​လေ့ကျင့်ခဲ့တာ​တွေ​တောင်ရှိ​သေးတာပဲဟာ ။
သူ့ခံနိုင်ရည်ကလဲအဲ့​လောက်မနိမ့်ပါးနိုင်ဘူး ။

ဒါဆို Baekhyunကိုသူတကယ်ပဲသ​ဘောကျ ။

" အားး မဟုတ်ဘူး မဟုတ်ဘူး မဖြစ်နိုင်ဘူး
သူလုံးဝGayမဟုတ်ဘူး "

Baekhyunအ​ပေါ်ယိုင်နဲ့​နေတဲ့စိတ်​တွေကိုအမြန်​မောင်းထုတ်လိုက်ပြီး​ရေချိုးခန်းထဲ​ပြေးဝင်ကာ
​ရေပန်း​ကိုဖွင့်ချလိုက်ပြီး ​ခေါင်း​အေးသွား​​အောင် ​ရေချိုးချလိုက်တယ် ။
ဒါမယ့် ​ရေချိုးလို့ လူလန်းသွားတာပဲရှိတယ်
စိတ်က​တော့ ထုံထိုင်းဆဲမှုံမှိုင်းမြဲ ။

အလုပ်များ​နေချိန်​တွေ​မေ့​သွားမှာပါရယ်လို့
အဝတ်အစားလဲခန်းထဲ ဝင်လိုက်​တော့လဲ
တစ်ချိန်ကတန်း​တွေကြားက​နေ ပါးစပ်ဟစိ​လေးနဲ့သူ့ကို​​မော့ကြည့်​နေခဲ့တဲ့ ​ကောင်​လေးကိုသတိရလိုက်မိ​သေးတယ် ။
​ခေါင်းကိုခါရမ်းကာ အ​တွေး​တွေကိုတွန်းလှန်လိုက်ပြီးအဝတ်အစားလဲ ​အောက်ထပ်ကိုဆင်းလာပြန်​တော့လဲ ဆိုဖာ​ပေါ်​မှောက်ရက်​လေး​နေရင်း
သူ့လက်ကိုလှမ်းဆွဲလို့ မျက်နှာငယ်​လေးနဲ့ ​ပြောခဲ့တဲ့စကား​တွေကိုပြန်အမှတ်ရမိပြန်ရဲ့။

Don't Touch My Man 《Completed》Where stories live. Discover now