4

1.9K 335 45
                                    

တစ်​နေ့တာက ပုံမှန်ထက် ရှည်လျား ​နေသလို ခံစားရတယ် ။
အရင်ဆို ရိုက်ကူး​ရေး​​တွေမှာ​ပေါ့​ပေါ့ပါးပါး လုပ်နိုင်​ပေမယ့် ဒီ​နေ့က​တော့ လုံးဝကိုဆန့်ကျင်ဘက်ပါပဲ။

စကားလဲများများမ​ပြောရဲသလို ​မေးခွန်း​ဆိုလဲ ​သေချာ ချင့်ချိန်စဥ်းစားပြီးမှ​မေးရဲတယ် ။
ဘာထ​ဖြေပြီး ဘယ်လိုအ​ပေါက်အလမ်းမတည့်တာ​တွေလုပ်မလဲဆိုတဲ့ စိတ်နဲ့ လူက ပူထူပြီး ​ချွေးပြန်​နေရတာပဲ။

ခုလည်း ရုပ်ရှင်ရုံကို​ရောက်​နေ​ပေမယ့် အထဲမဝင်ရဲဘဲ အဝမှာတင်တစ်​နေတယ် ။
Specialအ​နေနဲ့ ထည့်ထားတာမို့ ဘာကင်မရာမန်းမှမပါဘဲ နှစ်​​ယောက်ထဲပဲဝင်ရလိမ့်မယ် ။
ဘုရားတရားမလို့ ဘာမှ​တလွဲမဖြစ်ပါ​စေနဲ့ ။

" Baekhyunဝင်ကြ​တော့မလား "

" တကယ်ကြီး အထဲမှာနှစ်​​ယောက်ထဲကြည့်ရမှာလား "

ရုပ်ရှင်ကြည့်ရမယ်ဆိုတာသိထား​ပေမယ့် ဒီလို
အ​ခြေအ​နေ မျိုးလို့​တော့ လုံးဝကိုထင်မထားခဲ့။
​မှောင်မည်း​နေတဲ့ရုံထဲမှာ chanyeol နဲ့သူနဲ့
နှစ်​ယောက်ထဲတဲ့ ။
ရင်​တွေ​တောင်ခုန်လာသလိုပဲ ။

နှလုံးခုန်သံ​တွေမြန်လာတာနဲ့အမျှလက်တစ်ဖက်က ဖင်ကို ပိတ်ထားရတယ် ။
​နောက်တခါ ထပ်ပြီး အီးမ​ပေါက်မိ​စေဖို့ အတတ်နိုင်ဆုံး ထိန်းထားရမယ် ။

" ဘာဖြစ်လို့လဲ Baekhyunသွားရ​အောင်​​လေ "

"  ​ဘာမှ မဖြစ်ဘူး သွား သွားမယ်​လေ အယ် "

chanyeolက သူ့လက်ကို ခါတိုင်းလိုပဲ လှမ်းဆွဲမယ်အထင်နဲ့ လက်တစ်ဖက်ကမ်း​ပေးလိုက်​ပေမယ့်
​နောက်ကို​တောင်တချက်လှည့်မကြည့်​တော့ဘဲ
​ရှေ့က​နေ ဝင်သွားတယ် ။
သူသာ လက်ကြီးတစ်ဖက် ​ထုတ်လျက်သားနဲ့
​ကြောင်အန်းအန်းကျန်ခဲ့ရတယ် ။
လခွီးထဲမှပဲ ​အီးမ​ပေါက်ပြန်​တော့ တခြားတစ်ခုထပ်ဖြစ်တယ် ။
ဝိုင်းကြည့်​နေတဲ့ staff ​တွေရဲ့ ပြုံးစိစိမျက်နှာ​ဘေး​တွေ​ကြောင့် ​နေရာမှာသာ ထိုင်ငိုပစ်လိုက်ချင်​တော့တာပါပဲ။

ရှက်ရှက်နဲ့​chanyeol ​နောက်ကို ​ပြေးလိုက်သွားမိတယ် ။
တစ်ရုံလုံးကအ​မှောင်ချထားတာမို့ ​လှေကား​​တွေကိုစမ်းနင်းရ chanyeolမ​ပျောက်သွား​အောင်လဲ ​​စောင့်ကြည့်ရနဲ့ ဗျာများ​​နေ​တော့တယ် ။
လက်ထဲက ​ပေါက်​ပေါက်ကိုလဲ တစ်စိမှပြုတ်မကျ​အောင် ကာကွယ်ရတာလဲ တာဝန်ကြီးတစ်ခုလိုပဲ ။

Don't Touch My Man 《Completed》Where stories live. Discover now