2

2.4K 374 104
                                    

အားးးးးးးးးးးးးးးးးးး

အခန်းထဲကနေ ကျယ်ကျယ်လောင်လောင် ကြားလိုက်ရသောအသံကြောင့် မီးဖိုခန်းထဲက
baekhyun မားတစ်ယောက် ယောင်းမကြီးကိုင်ကာ
ပြေးတက်လာရတော့တယ် ။
ကျပ်မပြည့်ပေမယ့် တစ်ဦးတည်းသောသားလေးဆိုတော့လည်း တစ်ခုခုဆိုစိတ်ပူနေရတယ်။

ဒုန်း ဒုန်း! !!

" ဘာဖြစ်တာလဲ khyun ချော်လဲလို့လား "

" မာမား သား အသက် မရှိတော့ဘူး
တကယ်အသက်မရှိတော့ဘူး အားး! !"

တံခါးကို တဒုန်းဒုန်းထုရင်း စိုးရိမ်တကြီးမေးလိုက်တော့
ပြန်ဖြေ လာတဲ့အသံကြောင့် ပိုပြီး ရင်ထိတ်ရပြန်တယ် ။
ငိုသံစွက်နေတာကိုမှ အသံတွေက ကတုန်ကယင်နဲ့။
ခြေမကိုင်မိလက်မကိုင်မိဖြစ်လာတာမို့ သော့အပိုသာပြေးယူပြီး သားတော်မောင်အခန်းကိုဖွင့်ဝင်ရန်ပြင်ရတော့တယ် ။

သော့အပိုယူပြီးလို့ ဖွင့်ဝင်လိုက်တာနဲ့ မြင်လိုက်ရတာက
ကုတင်အောက်မှာ ဖုန်းနဲ့မျက်နှာကို ကပ်ပြီး ငုတ်တုပ်ထိုင်ငိုနေတဲ့ Byun Baekhyun ။

" khyun ဘာလို့ငိုနေတာလဲ မာမားကိုပြောစမ်း "

ခန္ဓာကိုယ်သေးသေးလေးကို အတင်းဆွဲထူပြီး
မေးတော့လည်း ပြန်မ​ဖြေ။ တအီးအီးသာထိုင်ငိုပြီး
မအေ ဖြစ်သူကိုဖက်ထားသေးတယ် ။

" မာမား သား လေ
သားက လေ Chanyeol နဲ့ Date ခွင့်ရသွားတာတဲ့ အီးးးးး "

ဂေါက်! !

" အားးး! ! မာမား နာတယ်လို့ "

မာမားကိုအတင်းဖက်ပြီး အော်ငိုလေတော့ ကိုင်ထားတဲ့ယောင်းမစောင်းက နဖူးပေါ်ကို ဒေါက်ခနဲ ။
နာသွားလို့ နဖူးကိုပွတ်နေရင်း မကျေမနပ်ပြောတာကို
နောက်တစ်ချက်ထပ်ခေါက်ဖို့ပြင်နေပြန်တာကြောင့်
ဝေးဝေးခွာပြီး ထိုင်လိုက်ရတယ် ။

" ငါကတော့စိတ်ပူလိုက်ရတာ
အသည်းများကွဲပြီးငိုနေသလားဘာလားပေါ့
ခုတော့ ဒီPark Chanyeol ကြောင့်ပဲဖြစ်နေပြန်ပြီလား "

" မာမားကလည်း ဒီ အခွင့်အရေးရဖို့လွယ်တယ်လို့များမှတ်နေလား
Million ချီတဲ့ Fan တွေထဲကမှ တစ်ယောက်ထဲရွေးတာလေ
ဒါကို သားကအရွေးချယ်ခံရတာကို မငိုပဲနေမလား "

Don't Touch My Man 《Completed》Where stories live. Discover now