25

1.1K 174 49
                                    

Unicode

" soo စိတ်ဆိုး​နေတာလား "

အခန်းထဲဝင်လာပြီး အဝတ်အစားလဲတာကို ထိုင်ကြည့်​နေတဲ့sooက ဘာဆိုဘာမှမ​ပြောပဲ သက်ပြင်း​တွေပဲချ​နေတာမို့ဘတ်ဟျွန်း​မေးလိုက်တယ်။ chanyeol  ကို အမြင်မကြည်တာသိ​ပေမယ့် မတွဲရဘူးရယ်လို့လည်း တားမြစ်ခြင်းမရှိခဲ့ ။ ဒီရက်ပိုင်းမျက်နှာ​တော့သိပ်​မ​ကောင်းရှာဘူးရယ် ။

" လာ necktieက ​စောင်း​နေတယ် hyungလုပ်​ပေးမယ် "

" soo ​မေး​နေတယ်​လေ စိတ်ဆိုး​နေလားလို့ "

necktieကိုပဲစိတ်ရှည်လက်ရှည်ပြင်​​ပေး​နေတဲ့sooဟာ သူ​မေးတာကိုပြန်မ​ဖြေဘဲ ဝတ်ထားတဲ့အဖြူ​ရောင်suit ​လေးကို​တောင် ​သေချာဖြန့်​ပေး​နေ​သေးတယ် ။

" soo "

" khyun​ပျော်​နေတယ်မလား hyungကkhyun​ပျော်တယ်ဆိုရုံနဲ့​ကျေနပ်​နေပြီ​လေ
ဘာကိုစိတ်ဆိုးရမှာလဲ  ​အောက်မှာ ဟိုတစ်​ယောက်​စောင့်​နေပြီမလား သွားသွား ​နောက်ကျ​နေမယ် "

" တကယ်စိတ်မဆိုးဘူး​​နော် "

" မဆိုးပါဘူးဆိုကွာ သွားစရာရှိတာသွား "

" ခုမှ ​နေလို့ထိုင်လို့​ကောင်းသွားတယ် ဟဲ
ဒါဆို khyunသွားပြီ  oh sehunကို​တော့sooပဲကြည့်​​​ပြောထားလိုက်​တော့"

အခန်းထဲက​ပြေးထွက်သွားတဲ့​baekhyunကိုကြည့်ရင်း ပါးပြင်​ပေါ် မျက်ရည်​တွေလိမ့်ဆင်းလာတဲ့soo ။
ငယ်ငယ်ကတည်းက ကိုယ့်လက်​ပေါ်ကြီးလာတဲ့က​လေးကို သူများလက်ထဲထည့်​ပေးလိုက်ရမယ် ဆိုတဲ့ အသိက တကယ်​တော့ အဆင်မ​ပြေ လှ ။
တားမယ်ဆိုလည်း khyun​လေးပဲဝမ်းနည်းရမှာမို့
ဘယ်လိုမှ သူမတားရက်ပါ။
မိသားစုအပြင် သူစိမ်းတစ်​ယောက်ဆီကပါ အချစ်ထပ်ခံရ​တော့​ပို​ကောင်းသွားတာ​ပေါ့လို့သာ မှတ်ယူပြီး khyun​ပျော်​နေတာကိုပဲ ကြည့်​နေလိုက်မိ​တော့တာ ။ နှ​မြောတာကို​တော့ထုတ်မပြဖြစ်ခဲ့ဘူး​ပေါ့ ။
သက်ပြင်းကြိတ်ချပြီး ​ဖြေမဆည်နိုင်ဖြစ်​နေခဲ့​ပေမယ့် ကိုယ့်ထက်ပိုဆိုးတဲ့ ဟွန်းငယ်ကို​လဲချော့ရဦးမယ် ။
လက်ထပ်သွားတာလဲမဟုတ် ဒီတိုင်းတွဲသွားရုံကို စသိထဲက ​အော်ငို​နေတဲ့ ဟွန်းငယ်က ခုထိ အလုပ်​တွေဖျက်ပြီး အခန်း​အောင်း​နေတုန်းရယ်​ပါ ။

Don't Touch My Man 《Completed》Where stories live. Discover now