Part 1

69.4K 1.3K 25
                                    

Unicode

"Boss အဲ့ကောင်မလေးပါ"

"ဟုတ်ပြီ မနက်ဖြန်လုပ်ငန်းစမယ်"

"ဟုတ်ကဲ့ Boss"

မင်းမြတ်တစ်ချက်ပြုံးလိုက်ပြီးနောက်

'အဖေနဲ့အမေ မနက်ဖြန်ဆိုရင် အရာအားလုံးစတင်တော့မယ် အဖေနဲ့အမေရဲ့ သွေးကြွေးကို မနက်ဖြန်ဆိုရင်ဆိုရင်ကျွန်တော်ဆပ်ခွင့်ရတော့မှာမို့ ကျွန်တော့်ကိုစောင့်ကြည့်နေပေးပါ အဖေနဲ့အမေ'

"နှင်းပန်းပွင့်"

"ဟုတ်"

ဆိုင်ရှင်အဒေါ်ကြီးရဲ့အော်ခေါ်သံကြောင့်သူမပန်းကန်တွေဆေးနေရာမှအလျင်အမြန်ပင်ထသွားလိုက်သည်။

"ဒီကိုခနလာခဲ့စမ်း"

"ဟုတ်ကဲ့"

"ညဉ်းမနက်ဖြန်ကစပြီး ဒီကိုလာစရာ မလိုတော့ဘူး ညဉ်းကိုအလုပ်ထုတ်လိုက်ပြီ"

"ရှင်! ဘာလို့လဲရှင့်"

"ဘာလို့လဲတွေမေးမနေနဲ့ လာစရာမလိုတော့ဘူးဆိုမလာနဲ့"

"တောင်းပန်ပါတယ်ရှင်ကျွန်မကိုအလုပ်မထုတ်ပါနဲ့နော်"

"ဘာမှလာပြောမနေနဲ့ ရော့ ဒီမှာ ဒီနေ့အတွက်လုပ်ခ ယူပြီးရင် သွားတော့"

"တောင်းပန်ပါတယ်အဒေါ်ရယ် အလုပ်မထုတ်ပါနဲ့နော်"

"မင်းကိုသွားတော့လို့ပြောနေတယ်လေ"

"အဒေါ်ရယ်တောင်းပန်ပါတယ် အလုပ်မထုတ်ပါနဲ့နော်"

နှင်းမျက်နှာ၌မျက်ရည်တွေနှင့်

"ဘာလဲ ငါ့လူတွေနဲ့ ဆွဲထုတ်မှ သွားမှာလား
ဟေ့ သူ့ကိုဆွဲထုတ်သွားကြစမ်း"

သူ့လူတွေ ရောက်လာပြီး နှင်းကိုဆွဲထုတ်သွားကာ ဆိုင်ရှေ့၌ ပစ်ထားခဲ့ကြသည်။
နှင်းတစ်ယောက်လည်း ငိုရုံမှ လွဲပြီးဘာမှမတတ်နိုင်။ သူ့မှာဒီအလုပ်ကရတဲ့ အလုပ်လေးနဲ့ဘဲ စာဝတ်နေရေးအတွက်ရုန်းကန်နေရတာလေ။

ဒါကိုစောင့်ကြည့်နေတဲ့တစ်စုံတစ်ယောက်...

-

"သမီးနှင်းပြန်လာပြီလား"

"ဟုတ် ဒေါ်လေးမုံ"

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now