Unicode
"ဟယ်လို"
"...."
"ဟယ်လို"
"...."
"ဟယ်လို"
"...."
"သမီး....နှင်း"
"အ အဖေ?"
"အင်း အဖေပါ"
"အဖေ...အဖေအခုဘယ်မှာလဲ"
"အဖေတို့တွေ့ကြရအောင် ပြောစရာရှိတယ်...လိပ်စာပို့လိုက်မယ်"
ပြောရင်းဆိုရင်းပင် ဖုန်းတန်းချသွားသည်။
"ဟယ်လို...ဟယ်လို"
ထို့နောက်လိပ်စာတစ်ခုပို့လာတာကြောင့် နှင်းထိုနေရာသို့ အပြေးသွားလိုက်သည်။
ဟိုရောက်တော့ရောက်နေပြီဖြစ်တဲ့အဖေနှင်းသူထိုင်နေတဲ့ ခုံမျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။အဖေမျက်နှာအရင်ကထက်ကိုပိန်ကျသွားပြီး အမာရွတ်တွေရယ် မပျောက်သေးတဲ့ဒဏ်ရာအချို့ရယ်နှင့်။
အချိန်ကြာတဲ့အထိ နှစ်ယောက်သားစကားမပြောသေး
"အခုဘယ်မှာနေနေတာလဲ"
နှင်းဘက်ကစကားစလိုက်သည်။
"လုံခြုံတဲ့နေရာတစ်ခုမှာနေနေပါတယ် သမီးရော အဆင်ပြေရဲ့လား"
"ဟုတ် ပြေပါတယ်"
အမှန်တော့မပြေပါဘူး
နှင်းရင်ထဲကစကား
"မင်းမြတ်သူရိန်နဲ့နေနေတယ်ဆို ဟုတ်လား"
"အင်း ဟုတ်တယ်"
"အဲ့ကောင်ကိုသဘောကျလား?"
နှင်းဘာမှပြန်မဖြေဘဲ ခဏနှုတ်ဆိတ်မိသွားသည်။
"အဲ့ကောင်ကတော့သမီးကိုသဘောကျနေသလိုဘဲ"
"ဟင့်အင် သဘောမကျဘူး"
မဟုတ်ဘူး သေလောက်အောင်ကို သဘောကျတယ်
နှင်း ထုတ်မပြောမိ
"ကောင်းတယ်...ကောင်းတယ်..အဲ့လိုကောင်ကို သဘောမကျတာကောင်းတယ် သူ့ထက်သာတဲ့သူတွေ အများကြီးပါ"
"အဖေက သူ့ကိုဘယ်လိုသိတာလဲ? သူနှင်းကိုသဘောကျနေတယ်လို့ရော ဘာလို့ထင်နေတာလဲ"
YOU ARE READING
မုန်းတာထက်ပို၍ / မုန်းတာထက်ပို၍ (Unicode+Zawgyi)(Completed)
RomanceBoth Unicode and Zawgyi "အခုကစပြီး မင်းဘဝ မင်းလွတ်လပ်ခွင့်တွေအကုန်လုံးက ငါ့လက်ထဲမှာဘဲ" "ဘာလို့အဲ့ဒါကျွန်မဖြစ်နေရတာလဲ" "မင်းမိုလို့ကို မင်းဖြစ်နေတာ" "ကျွန်မရှင့်ကိုအရမ်းမုန်းတယ်" "ငါလည်းမင်းကိုသေလောက်အောင်မုန်းတယ်" ပထမဆုံးစေရးတဲ့ Fic လေးမို့အားပေးကြပ...