Part 5

21.7K 606 23
                                    

Unicode

"အဲ့ထဲမှာမင်းတော့ မပါဘူးနော်"

မင်းမြတ်နှင်းအနားကိုကပ်ပြီးပြောလိုက်၏။
နှင်းစိတ်ညစ်သွားပေမယ့် အတတ်နိုင်ဆုံးတော့ထိန်းထားခဲ့သည်။ခုချိန်မှာသူမစိတ်ညစ်နေလဲဘာမှလုပ်မရဘူးလေ။

အစေခံတွေအကုန်လုံးပစ္စည်းတွေသိမ်းနဲ့ အလုပ်တွေရှုပ်နေကြ၏။

"ကြီးစန်း? ကြီးစန်းရောပါတာလား"

"မဟုတ်ဘူး သမီးရဲ့ကြီးစန်းက ရွာကိုနှစ်ပတ်လောက်ဘဲပြန်မှာပြီးရင်ပြန်လာမှာ"

"အော် ဟုတ်"

နှင်းနည်းနည်းတော့စိတ်ညစ်သွားသည်။
ကြီးစန်းပါသွားရင် နှင်းတစ်ယောက်တည်းအထီးကျန်နေတော့မှာလေ

"ရော့ ဒီမှာ Bonus မင်းရဲ့လုပ်ပုံကို Boss ကအရမ်းသဘောကျနေတယ်"

"ကျေးဇူးပါရှင့် Boss သဘောကျတယ်ဆိုရင်ဘဲကျေနပ်ပါတယ်"

"Boss ကထပ်မှာလိုက်သေးတယ် မသွားခင် .........................."

"ဟုတ် နားလည်ပါပြီရှင့်"

-

"အခုတော့နင်တစ်ယောက်တည်း အိမ်အလုပ်တွေလုပ်ရတော့မယ်နော်"

ရွန်းလဲ့တစ်ယောက်လာပြောနေပေမယ့် နှင်းမကြားချင်ယောင် ဆောင်ပြီး လုပ်လက်စအလုပ်ကို သာဆက်လုပ်နေလိုက်သည်။

"ငါပြောတာကိုမကြားချင်ယောင်ဆောင်နေတယ်ပေါ့လေ နင်က"

ပြောပြီး ရွှန်းလဲ့ နှင်းလက်ထဲကပန်းကန်ကိုဆွဲလုလိုက်တာကြောင့်ပန်းကန်ကအောက်ကိုလွတ်ကျသွား၏။

"ခွမ်းး"

"အလုပ်ကိုဘယ်လိုလုပ်နေတာလဲ ကဲဟယ်"

ရွှန်းလဲ့ နှင်းပါးကိုအားနဲ့ရိုက်လိုက်တာကြောင့် သူမပါးတစ်ဖက်လုံးစပ်ဖျင်းဖျင်းဖြစ်ပြီး မျက်ရည်တွေပင်ဝဲတက်လာ‌သည်။

"ဒါဘာလုပ်တာလဲ"

"နင်အမှားလုပ်လို့အပြစ်ပေးတာလေ ဘာလဲ မကြိုက်လို့လား အော်ဒါနဲ့ဒီအိမ်မှာအလုပ်လုပ်ရင်းအမှားလုပ်မိသွားရင်ရိုက်တယ်နော် အဲ့ဒါကိုရောသိလား"

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now