Part 17

16.5K 543 107
                                    

Unicode

12:30 a.m

နှင်း ခနအိပ်ပျော်သွားပြီးပြန်နိုးလာတော့အချိန်က 12:30။
သူ့ကိုကြည့်လိုက်တော့နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတဲ့ပုံ။
နှင်းကိုယ့်အခန်းကိုပြန်ဖို့သူမနိုးအောင်ဖြေးဖြေးလေးကုတင်ပေါ်ကအဆင်း

"အမေ့!"

လက်တစ်ဖက်ကိုအားနဲ့ဆောင့်ဆွဲခံလိုက်ရတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးကုတင်ပေါ်ကိုပြန်လည်ကျရောက်သွားရသည်။

"ဘယ်သွားမလို့လဲ"

"ဟို ဟို "

"ဘာဟိုလဲ ဘယ်သွားမလို့လဲလို့"

သူ့အသံနည်းနည်းမာလာသည်။

"အခန်း အခန်း ပြန်မလို့"

"ဘာလို့ပြန်မှာလဲ အဲ့လောက်တောင်ငါနဲ့အိပ်ရတာမကြိုက်ဘူးလား ဟမ်?"

"ကျွန်မ ကျွန်မက မိန်းကလေးတစ်ယောက်ဆိုတော့ ဒီလို့ ယောက်ျားလေးတစ်ယောက်နဲ့အတူတူအိပ်တာ မသင့်တော်ဘူးလို့ ထင်.. အွတ်.."

မင်းမြတ်နှင်းစကားတွေရပ်သွားအောင် သူ့နှုတ်ခမ်းကို သူမ နှုတ်ခမ်းပေါ်မှာဖိကပ်ပြီးနမ်းလိုက်သည်။

ရုတ်တရက်ကြီးနမ်းခံလိုက်ရ‌တာကြောင့် နှင်းတစ်ကိုယ်လုံးပူထူလာပြီး မျက်နှာတွေပါနီမြန်းလာ၏။
အပေါ်နှုတ်ခမ်းတစ်လှည့် အောက်နှုတ်ခမ်းတစ်လှည့် တစ်လှည့်စီစုပ်ယူပြီးနမ်းရှိုက်နေသည်။

နှင်းရုန်းတယ်ရုန်းမရသူ့ရဲ့သန်မာတဲ့အားကို နှင်းမနိုင်။

မင်းမြတ်သူမကိုနမ်းနေရရင်မရပ်တန့်နိုင် ပိုပိုပြီးသားနမ်းချင်မိသည်။သူမနှုတ်ခမ်းတွေကချိုမြိန်လွန်းသည်။သူ့ကိုထပ်ခါထပ်ခါနမ်းရှိုက်ချင်အောင်ပင်စွဲဆောင်မှုရှိလွန်းလှသည်။ နှုတ်ခမ်းတွေ ပေါက်ထွက်သွားတဲ့အထိကိုနမ်းပစ်ချင်ပေမယ့်သူမလေးနာကျင်သွားမှာစိုး၍ မိမိစိတ်ကိုသာထိန်းချုပ်ထားရသည်။အဓိကကသူမ မနာကျင်ဖို့လေ။

ခနလောက်ကြာမှ သူလွှတ်ပေးလိုက်၏။

"ဒါအပြစ်ပေးတာဘဲ.....အိပ်တော့"

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now