🔒 ငယ်ကျွန် - ၂ 🔒 သခင်လေးရဲ့ ဒေါသ

3.6K 108 0
                                        

'အော်.... ဒီနားမှာပဲ ထားလိုက်ပါ ကို ထက်မြတ်နိုင်၊
ပြီးတော့ ကျွန်တော့် ဒရိုင်ဘာ နေဖို့ အခန်းတစ်ခန်းလဲ စီစဉ်ပေးပါဦး၊ ကျွန်တော် ရေမိုးချိုးပြီးရင် ထမင်းစားဖို့လဲ ပြင်ထားပေးပါ ဒရိုင်ဘာ အတွက်ရော နှစ်ယောက်စာနော်'

အထုတ်ပိုးတွေ မနိုင်မနင်း သယ်လာတဲ့ ငါ့ကို တစ်ချက်တောင်လှည့်မကြည့်ပဲ ကျောပေးရင်း မနားတမ်း ‌ဩဝါဒချွေနေတဲ့ မင်း က ဖုန်း ကိုလဲ နားနဲ့ကပ်ထားရင်း ခပ်တိုးတိုး စကားပြောနေသေးတယ်။

တော်တော် တရားတာပဲနော်
ဘာတဲ့ ဒရိုင်ဘာအတွက်ပါ နှစ်ယောက်စာ ပြင်ပေးရမယ်....

ဒီစကားက ကျွန်တော့်ရင်ကို အားပြင်းပြင်းနဲ့ ကန်လိုက်သလိုပဲ!

ဒရိုင်ဘာ အတွက်ပါ နှစ်ယောက်စာ....!

ဒရိုင်ဘာ အတွက်ပါ နှစ်ယောက်စာ....!

ဒရိုင်ဘာ အတွက်ပါ နှစ်ယောက်စာ....!

ဟာ.... ထွက်သွားစမ်း ဒီအသံတွေ

ဒီမှာ မင်း....!

ကျွန်တော် ခေါ်လိုက်တော့ ပြူးကြောင်ကြောင်နဲ့ လှည့်ကြည့်တယ်

'မင်း ငါ့ကို ဘာလို့ ဒီလိုတွေ ပြောနေတာလဲ
ငါက မင်း ဒီလို ပြောတဲ့သူ မဟုတ်ဘူးလေ
မင်း ဘာလို့ ဒီလို လုပ်တာလဲ'

🔒🔒🔒

အမေ... ကိုကို ထက်မြတ် အတွက်ပါ နှစ်ယောက်စာနော်၊
အမေ... ကိုကို ထက်မြတ် အတွက်ပါ နှစ်ယောက်စာနော်၊

🔒🔒🔒

မင်း က အရင်က မင်း မဟုတ်တော့ဘူး၊
စိတ်ကူးထဲက မေးခွန်းကိုလဲ ကျွန်တော် မမေးဖြစ်ခဲ့ဘူး၊ 'ဟုတ်ကဲ့' တစ်ခွန်းပဲ ဖြေပြီး မင်း အခန်းထဲက ထွက်လာခဲ့တယ်။

ရင်ထဲမှာ နာကျင်သလိုလို၊ ဝမ်းနည်းသလိုလို၊
ဘာကြီးမှန်း မသိဘူးကွာ ငါ ခံစားနေရတာ။

ငါ ပျော်နေရမှာကို ဘာ‌တွေဖြစ်နေရတာလဲ ငါ့ဘဝကြီးက။ အိပ်မက်လိုပဲ ပြောင်းပြန်တွေ ဖြစ်သွားတယ်။

ငူငူငေါင်ငေါင်ကြီး တစ်ယောက်တည်း ရေကယားကို ကိုင် ပန်းခြံထဲဆင်းပြီး မင်း ကို မတွေ့ရရင် ပြီးရော လာရှောင်နေရတာ ငါ့ကို ပင်ပန်းစေတယ်။ သူ့ကို တွေ့နေပြန်ရင်လဲ ငါ နာကျင်နေရသလိုပဲ။ မသိတော့ဘူး၊ အခုတော့ ပန်းပင် ရေလောင်းတာပဲ ကောင်းပါတယ်။

🔒 ငယ်ကျွန် 🔒Ngal Kyon🔒🔞 (Zawgyi+Unicode)Where stories live. Discover now