မဟူရာညကို ဖြတ်သန်းဖို့ရာ အချိန်တွေက နှေးလွန်းနေတယ်။
ကျနော့်ကို စိတ်ဆိုးပြီး မင်း အိမ်ကထွက်သွားတာ နေ့လယ်ကတည်းကပဲ။ အခု ညလယ် ရောက်တာတောင် မင်း ပြန်မလာသေးဘူး။
ကျနော်လေ သူ ပြန်မလာမှာကို စိတ်ပူနေပေမယ့် သူပြန်လာမှာလဲ ကြောက်နေမိတယ်။ နေ့လယ်တုန်းက ကိစ္စတွေကို ပြန်တွေးမိရင် အခုထိ ရင်တုန်နေတုန်းပဲ။
မျက်နှာတွေလဲပူ ၊ ရှက်လဲရှက် ၊ တစ်ကုန်လုံး တုန်ရင်နေပြီး ရင်ခုန်နေတာများ ကလီစာတွေအကုန် ကျွမ်းထိုးနေပြီလား မှတ်ရတယ်။
ဒီကလေးလေးက ဘယ်လိုတောင် sexy ကျနေတာလဲကွာ၊ သူ့ဟာကို ပေါ်အောင် ခြေထောက်ကားလိုက်ပြီး ကုတင်ပေါ် ပက်လက် အနေထားနဲ့ လက်ထောက်လိုက်တဲ့အချိန် မျက်နှာအမူအရာကို မျက်လုံးထဲက မထွက်တော့ဘူး။
သူ့ရဲ့အကြည့်တွေကြောင့်လဲ ကျနော် စိတ်လှုပ်ရှားရတယ်။ ကျနော့်နားကပ်ပြီး တိုးတိုးလေး စကားပြောတော့ အသည်းထဲထိ အေးသွားတယ်။
ဒီနေ့ အဖြစ်ပျက်တွေက မမေ့နိုင်တဲ့ အရှက်ရစရာအဖြစ် စိတ်ထဲစွဲကျန်နေတော့မည်။ မင်းကို ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ မသိတော့ဘူး။ ဒါပေမယ့် သူပေးတဲ့ ခံစားချက်အသစ်တွေကို ထပ်လိုချင်နေတယ်။
ကျနော်က ဘာလို့ ဒီလိုကိစ္စကို အရှက်မရှိ လိုချင်နေရတာလဲ။ အဲ့ဒါလဲ မင်းကြောင့်ပဲ! သူပဲ စခဲ့တာ!
ဟိုအရင်က ညတစ်ည အကြောင်းက ခေါင်းထဲ ပြန်ဝင်လာတယ်......
..................................
မတ်လရဲ့ အပူရှိန်ကြောင့် ညအခါတိုက်ခက်တဲ့ လေပြေလေးတောင် မအေးနိုင်ဘဲ ပူစပ်စပ် ရာသီဥတုကို ဥပေက္ခာပြုကာ အခန်းတံခါးတွေကိုသာ အစွမ်းကုန် ဖွင့်ထားရသည်။
အိမ်ရှေ့ ပန်းဥယျဉ်လေးက ညမွှေးပန်းရနံ့လေး သင်းပျံ့ပျံ့ မွှေးလာမှသာ လေနုအေးကလေးလဲ အနည်းငယ် ပါလာပြီး စိတ်သက်သာရာ ရတော့သည်။
သခင်လေး မင်းပိုင်စိုး အခန်းမှာ မီးတွေဖွင့် ၊ ပြတင်းတံခါးတွေ ဖွင့်ပြီး စာကျက်ဖို့ အဆင်သင့်ပြင်နေတဲ့ ထက်မြတ်တစ်ယောက် မရေရာတဲ့ တစ်စုံတစ်ခုကို စိတ်ပူနေတယ်။
YOU ARE READING
🔒 ငယ်ကျွန် 🔒Ngal Kyon🔒🔞 (Zawgyi+Unicode)
Randomငယ်ချစ်ဦး ဖြစ်သူ ငယ်ကျွန်ဆီကို ပြန်လာခဲ့တဲ့ သခင်လေး မင်းပိုင်စိုး.... ညီ တစ်ယောက်လို လက်ပွန်းတတီး နေလာရင်း နှစ်ရှည်လများ ခွဲသွားခဲ့တဲ့ သခင်ဖြစ်သူကို အနစ်နာခံရင်း ပေးဆပ်ဖို့ ပြင်ဆင်ထားပြီ ဖြစ်တဲ့ ထက်မြတ်နိုင်... ခွဲခွာသွားတဲ့ အချိန်တွေအတွင်း မင်း တစ...
