Zawgyi
ဟဲလို..... ကိုမြက်ကြီးရေ
ဘယ်လိုလဲဗျ အခုတလော သိပ်မလန်းသလိုပဲ
ညနေ ပြန်ရင် တစ်ခွက်လောက် ဝင်သောက်ကြရအောင်....
ဟာ....လခွမ်း မင်းတို့ကောင်တွေ
အားနေ အဲ့ဒါပဲ လုပ်ချင်နေတာလား
စာလုပ်ဦးဟ.... စာမေးပွဲ နီးနေပြီ....
မြက်ကြီးဆီက 'စာလုပ်ဦးဟ' ဆိုပြီး ကြားလိုက်
ရတော့ တစ်ခန်းလုံးဆီက အကြည့်တွေ မြက်ကြီးဆီ ကျလာတော့တာပဲ
ဘာလဲ! ထူးဆန်းလို့လား
ဘာကြည့်တာလဲ ငါပြန်နှင့်ပြီ ဟျောင့်တွေ....
အကြောခပ်တင်းတင်းနဲ့ ဘုဘောက် ဟောက်ပြီး
မျက်နှာမည်းကြီးနဲ့ မြက်ကြီးတစ်ယောက် အခန်း
ထဲမှ သုပ်သုပ် ထွက်ခွာသွားတော့တယ်။
.....................................................
အန်တီအေး....
ကိုကို ထက်မြတ် ရှိလားဟင်....
မှောင်ကုပ်ကုပ် ကျနော့်အခန်းလေးကနေ
အိမ်ပေါက်ဝနားကို လှမ်းကြည့်လိုက်တော့
မျှော့လို တွယ်တတ်တဲ့ ကောင်လေးကို တွေ့ရတယ်။
ချွဲတိချွဲတာ အသံတိုးတိုးလေးနဲ့ ကျနော့်အမေကို
ကပ်ပြီး မေးနေတာ ကျနော့်နာမည်တော့ နားစွန်နားဖျား ကြားလိုက်ရတယ်။
မကြာပါဘူး ကျနော့်ရဲ့ ခပ်မှောင်မှောင် အခန်းလေးက လင်းထိန်သွားတယ်။ သခင်လေးသာ ထိခွင့်ရှိတဲ့ လင်းအားမြင့် မီးကြီးခလုတ်ကို ကျနော့်အခန်းမှာ လာတပ်ပေးသွားတာ မင်း ကျနော်နဲ့အတူ စာလာလုပ်ကတည်းကပဲ။
ကိုကို.... ဘာလို့ မီးမဖွင့်ပဲ နေနေတာလဲ?
ငါ အခုမှ ရောက်တာလေ မဖွင့်အားသေးလို့...
ဒါဆို ရေမချိုးရသေးဘူးလား?
အင်း.... ရေချိုးလိုက်ဦးမယ်
မင်း စာလုပ်နှင့်.....
မင်းပိုင်စိုး ကို ထားခဲ့ပြီး အိမ်နောက်ဖေးဘက် ရေချိုးခန်းရှိရာကို ထွက်လာခဲ့တယ်။ ရာသီဥတုက ခပ်စိမ့်စိမ့်နဲ့ ရေချိုးရမှာတောင် အေးသလိုလို။
ခြံအနောက်ဘက် ဝါးရုံအုပ်ထဲက လေပြင်းတိုက်သံ ရောက်လာပြီး ယိမ်းထိုးနေတဲ့ အပင်အိုတွေကြားက ရှပ်ပြေးနေတဲ့ အရိပ်တွေ မြင်လိုက်သလိုလို။
YOU ARE READING
🔒 ငယ်ကျွန် 🔒Ngal Kyon🔒🔞 (Zawgyi+Unicode)
Randomငယ်ချစ်ဦး ဖြစ်သူ ငယ်ကျွန်ဆီကို ပြန်လာခဲ့တဲ့ သခင်လေး မင်းပိုင်စိုး.... ညီ တစ်ယောက်လို လက်ပွန်းတတီး နေလာရင်း နှစ်ရှည်လများ ခွဲသွားခဲ့တဲ့ သခင်ဖြစ်သူကို အနစ်နာခံရင်း ပေးဆပ်ဖို့ ပြင်ဆင်ထားပြီ ဖြစ်တဲ့ ထက်မြတ်နိုင်... ခွဲခွာသွားတဲ့ အချိန်တွေအတွင်း မင်း တစ...
