🔒 ငယ်ကျွန် - ၁၇ 🔒 မုန်တိုင်းဝင်ပြီ

1.3K 59 13
                                        

မင်းက အခုတလော ခြေလှမ်းပျက်နေတယ်။

ပါတီတက်တာ စိပ်လာတယ်၊ ပါတီတစ်ခုမှာ မော်ဒယ်တစ်ယောက်တွဲတယ်၊ ပြီးရင် ဘာလိုလိုညာလိုလို သတင်းတွေ ထွက်လာရော။

ဝန်ထမ်းတွေကြားမှာတောင် တိုးတိုးတိတ်တိတ် အတင်းဖျင်းသံတွေ ကြားရတဲ့အထိ ပွေရှုပ်နေရသလားကွာ.....။ လုပ်ရည်ကိုင်ရည် နဲ့ အရည်အချင်းကြောင့်သာ မင်းရဲ့ ဂုဏ်သိက္ခာတွေ ကျမသွားတာ၊ ပြီးတော့ အတင်းဖျင်းတွေက စကားသပ်သပ်သာ ရှိပြီး သက်သေပြရလောက်အောင်လဲ မခိုင်လုံဘူး။

ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ မင်းကို ယုံပါတယ်၊ သူ့ကိုယ်သူနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်မယ့်အလုပ်တွေ သူလုပ်မှာ မဟုတ်ဘူး။

ဘားသွားတာတွေ ကလပ်တက်တာတွေနဲ့ အိမ်ပြန်နောက်ကျတာတွေကတော့ ကျနော် သီးသန့် စိုးရိမ်ရတဲ့ အရာတွေပဲ။

မင်းက ဘာကြောင့်များ အပျော်ရှာနေရတာလဲ?

မဟုတ်မှ.. ကျနော်ရှိနေတဲ့အိမ်က မင်းအတွက် လုံလောက်အောင် ပျော်ရွှင်မှု မပေးနိုင်လို့လား.....

အတွေးတချို့ငြိမ်သက်သွားတော့ ခြံရှေ့က ကားဟွန်းသံနှင့်အတူ မင်း အိမ်ပြန်လာပါပြီ။

- အကို.... ရရဲ့လား ဖြည်းဖြည်းဆင်း ကျနော်ကူတွဲမယ်

- အာ ရတယ်ညီ ကိုထက်မြတ်ကို ခေါ်လိုက်ပါ

ကျနော် အိမ်ရှေ့ရောက်တော့ ကိုယ့်ကိုယ်ကို မထိန်းနိုင်ပဲ ယိုင်ထိုးနေတဲ့ မင်းပိုင်စိုး က ညီဘုန်းထက်ရဲ့
ပုခုံးကို မှီထားတာ တွေ့လိုက်ရတယ်။

ဘယ်လိုခံစားချက်လဲ ရေရေရာရာ မပြောတတ်ပေမယ့် စိတ်တိုသွားတာတော့ အမှန်ပဲ

- လာ လာ အကိုပဲ တွဲသွားလိုက်မယ်
ညီလေး ပြန်တော့လေ နောက်ကျနေပြီ

ညီဘုန်းထက် နားက မင်းကို လှမ်းဆွဲပြီး တွဲလိုက်ပေမယ့် ကျနော့်ထက် အရပ်ပိုရှည်လာတဲ့ မင်းကို သေချာမထိန်းနိုင်ခဲ့ဘူး

- ကိုမြတ်ကြီး ရရဲ့လား....
ဟိုး ဟိုး အကို့ ကိုယ်က လေးတယ်
ကျနော်ပါ ဝိုင်းသယ်ပေးမယ်

🔒 ငယ်ကျွန် 🔒Ngal Kyon🔒🔞 (Zawgyi+Unicode)Where stories live. Discover now