🔒 ငယ်ကျွန် - ၁၁ 🔒 ကိုကို့ကို လွှမ်းမိုးချင်ပြီ

917 8 0
                                        

ကိုကို ရေ ထတော့ နေမြင့်နေပြီ

မနက်စာ စားရဦးမယ်လေ....

ဒီနေ့က စနေ ဆိုတော့ ကျနော်တို့ အိမ်မှာ အေးဆေး နားလို့ရပြီပေါ့။ ကိုကို ကျနော့် အခန်းမှာ လာနေပေးတာ 3 ရက်မြောက်နေ့ပဲ။

သူ့ ဒဏ်ရာတွေလဲ တော်တော်တော့ သက်သာနေပြီ။ ဒါပေမယ့် ကျနော်က သူ့ကို ကျနော့်အနားမှာ ခေါ်ထားချင်တုန်းပဲ။ ကိုကိုရဲ့ ခပ်သွယ်သွယ် လက်ချောင်းလေးတွေက ကျနော့်အတွက် ခွန်အားဖြစ်စေတယ်လို့ ထင်မိတယ်။

ရုတ်တရက် သူ့လက်ခုံကို ဆွဲယူပြီး နမ်းလိုက်တော့ ချက်ချင်း မျက်လုံးပွင့်လာပြီး ကျနော့်ကို ကိုက်စားတော့မလို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်တော့တာပဲ။

ကိုကို ..... ဟို .....

ကိုကို ဘာလို့လဲ ၊ ကျနော့်ကို စိတ်ဆိုးသွားလား မသိဘူး၊ ကြောက်လိုက်တာ ကျနော်လေ ဒူးတွေတုန်လာ သလိုပဲ.....

စူးရဲခက်ထန်တဲ့ အကြည့်ရဲ့ အဆုံးမှာ အားရပါးရ အော်ရယ်လိုက်တဲ့ ကိုကို က ကျနော့်ကိုလဲ သူ့ ရင်ခွင်ထဲ ဆွဲယူကာ ထွေးပွေ့ထားလိုက်တယ်။

- ဟား.....ဟား.....ဟား......

ကိုကို့ကို ကြောက်သွားတာလား ဟား ဟား

ဟုတ်လား မင်း .....

- ဟို... ကိုကိုက အဲ့လိုကြီး ကြည့်တာကို

ကြောက်တာပေါ့....

- ကြောက်ရင် ဘာလို့ ကိုကို့ကို လာနမ်းသေးလဲ....

- သားက ကိုကို့ကို ချစ်လို့ပေါ့လို့ ကိုကိုလေးရဲ့ ..

ပြောဆိုနေရင်း ကိုကို့ ပါးလေးတွေကို ကျနော့် အပြေးကလေး နမ်းလိုက်သေးတယ် ဟီး....။

- ဟာ... သွားပါပြီ ၊ ကိုယ့် ကောင်မလေးကတော့ ပြောတော့မှာပဲ ကိုကို့ပါးတွေ ပိန်ချိုင့်နေတာ ဘယ်သူ့ လက်ချက်လဲ ဆိုပြီး....

- ဟင် ကိုကိုက ကောင်မလေး ရနေပြီလား?

- ဟား.... မဟုတ်ပါဘူး ၊ မရပါဘူးကွာ
မင်း ကိုကို ကိုလဲ ကြည့်ဦး ဘယ်ကောင်မလေးက ဒီလောက် အပေါက်ဆိုးတဲ့ကောင်ကို ကြိုက်မှာလဲ

🔒 ငယ်ကျွန် 🔒Ngal Kyon🔒🔞 (Zawgyi+Unicode)Dove le storie prendono vita. Scoprilo ora