အချိန်အကြာကြီး မင်း အနားမှာ နေနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကံတရားက မျက်နှာသာတော့ မပေးခဲ့ပါဘူး။
ကျနော့်ကို ချစ်တယ်လို့ ပြောနေတဲ့ မင်းကို ဂရုစိုက်ပေးတာကလွဲပြီး ချစ်ကြောင်း မပြတတ်ခဲ့ဘူး။
တစ်ခါတစ်ရံ ပွတ်သီးပွတ်သပ်နဲ့ ချွဲတတ်တဲ့ မင်းကို တယုတယ မဆက်ဆံခဲ့မိဘူး။
ကျနော့် ပါးကိုသာ အကြိမ်ကြိမ် နမ်းခဲ့တဲ့ မင်းရဲ့ ပါးကလေးတွေကို ပြန်နမ်းရှိုက်ဖို့ မကြိုးစားခဲ့ဖူးဘူး။
မော်ဒယ်တွေနဲ့ နာမည်ပျက် သတင်းထွက်လာရင် ဆင်ခြင်ဖို့ သတိပေးတာက လွဲပြီး သဝန်တိုမိကြောင်း မရှင်းပြခဲ့မိဘူး။
ကျနော်ဟာ မင်းနဲ့ အနီးဆုံးမှာ နေနိုင်ဖို့ အဝေးကိုပဲ တွန်းထုတ်နေခဲ့မိတယ်။ အခုတော့ ကျနော် အရမ်းနောက်ကျသွားပြီ။
ဒီကလေးလေးကို တိတ်တခိုး ချစ်လို့မဝသေးခင် ထပ်ပြီး စိတ်ဒဏ်ရာ ပေးဖို့ ကြိုးစားမိပြန်ပြီ။
နှင်းဆီ နဲ့ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီး ကိုယ့်စိတ်ကို ပြင်ဆင်နိုင်ဖို့ ကြိုးစားနေပေမယ့်လဲ အခုထိ မအောင်မြင်သေးပါဘူး။ ကျနော့်ရဲ့ ကလေးလေး မင်းပိုင်စိုး တုံ့ပြန်လာမယ့် အခြေနေကို ရင်ဆိုင်ဖို့လဲ အင်အားမရှိသေးပါဘူး။
တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကျနော်ရဲ့ အိမ်ငယ်လေးထဲမှာ အတွေးနယ်ချဲ့နေရင်း သခင်လေးနဲ့ ပြေးလွှား ဆော့ကစားခဲ့ကြတဲ့ နေ့ရက်တွေကို ပြန်တွေးရင်း ဝမ်းနည်းလာပြန်တယ်။
အမေရှိတုန်းက ကျနော်တို့ သုံးယောက် အမြဲအတူရှိခဲ့တဲ့ ဒီအိမ်ငယ်လေးထဲမှာ အခု တစ်ယောက်ထဲနေရင်း မင်းကို ရက်စက်ရမယ့်အကြောင်း ခေါင်းထဲရောက်လာတိုင်း မျက်ရည်ကျလာတယ်။
ဒီပြဿနာကို ဒီထက်ပိုကောင်းတဲ့ ဖြေရှင်းနည်း မရှိတော့ဘူးလား?
ကိုယ့်ဘာသာ မေးခွန်းထုတ် အဖြေမရှိပဲ လက်လျော့ရပြန်တယ်။
အနည်းဆုံးတော့ ကျနော်က ယောင်္ကျားသားပါ ၊ ကိုယ့်ရဲ့ စိတ်ပျော်ရွှင်မှုထက် မိန်းမသားတစ်ယောက်ရဲ့ အရှက်ကို ကာကွယ်ပေးဖို့ ပိုသင့်ပါတယ်လေ။
YOU ARE READING
🔒 ငယ်ကျွန် 🔒Ngal Kyon🔒🔞 (Zawgyi+Unicode)
Randomငယ်ချစ်ဦး ဖြစ်သူ ငယ်ကျွန်ဆီကို ပြန်လာခဲ့တဲ့ သခင်လေး မင်းပိုင်စိုး.... ညီ တစ်ယောက်လို လက်ပွန်းတတီး နေလာရင်း နှစ်ရှည်လများ ခွဲသွားခဲ့တဲ့ သခင်ဖြစ်သူကို အနစ်နာခံရင်း ပေးဆပ်ဖို့ ပြင်ဆင်ထားပြီ ဖြစ်တဲ့ ထက်မြတ်နိုင်... ခွဲခွာသွားတဲ့ အချိန်တွေအတွင်း မင်း တစ...
