'ဒေါက် ဒေါက်
မင်း.... ငါ ရောက်ပြီနော်'
ရေချိုးခန်းထဲမှာ ရေသံတွေ ကြားနေရတယ်
မင်း က ရေချိုးနေတာပဲ ဖြစ်မယ်။
'ကို ထက်မြတ်နိုင် ကျွန်တော့်ကို တဘက်လေး
ယူပေးပါလား၊ မေ့လာခဲ့လို့'
'အော်... အင်း....'
ရေချိုးဇလုံထဲက မင်း ဆီကို တဘက်ယူပြီး ကျွန်တော် သွားပေးတော့....
မင်း က အရင်ကနဲ့ လုံးဝ မတူတော့ဘူး။
သူက ကလေးတစ်ယောက် မဟုတ်တော့ဘူး၊ အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက် ဖြစ်နေပြီ။
အရင်က ဖြူဖွေး နူးညံ့ခဲ့တဲ့ ဖောင်းဖောင်းကားကား လက်ချောင်းလေးတွေက အခု ခပ်သွယ်သွယ် ၊ တုတ်တုတ်တစ်တစ် လက်မောင်းလေးတွေက ကျစ်လစ်လျက် ၊ လုံးဝန်းနေတဲ့ ဗိုက်ကလေးက အဆီတွေ ဘယ်ရောက်သွားလဲ မသိတော့၊ လေ့ကျင့်ခန်း လုပ်ထားသလို ချပ်ကပ်ပြီး တောင့်တင်းနေတယ်။
လပြည့်ဝန်းလို ပါးဖောင်းဖောင်းကလေးလဲ မရှိတော့၊ လေးထောင့်ဆန်ဆန် မျက်နှာကျက အရင်ကလို ချစ်ဖို့ မကောင်းတော့ဘူး ဆိုပြီး တွေးရင်း ကျွန်တော် မင်း ရဲ့ ပါးနှစ်ဖက်ကို လက်နဲ့ ဆွဲမိတယ်။
'အား.... ဘာလုပ်တာလဲ ကိုထက်မြတ်နိုင်?'
'ပါးဖောင်းဖောင်းလေး မရှိတော့လဲ ပါးချိုင့်လေးက ချစ်စရာကောင်းနေသေးလို့ တော်သေးတယ်၊
မင်း .... ကိုယ့်ကို ဘာလို့ အရင်ကလို 'ကိုကို
ထက်မြတ်' လို့ မခေါ်တော့တာလဲ?'
'အရင်ကလို ကလေးမှ မဟုတ်တော့တာ ကိုထက်မြတ်နိုင် ရဲ့ ထူးဆန်းတာတွေ မတွေးနေနဲ့တော့၊
ပြီးတော့ ကျွန်တော့်ကိုလဲ မင်း လို့ ဆက်မခေါ်ပါနဲ့၊ တခြား အလုပ်သမားတွေ အတုယူမှားမှာ စိုးလို့'
မင်း က ကျွန်တော့်ရင်ကို လှုပ်ခါနိုင်စွမ်း ရှိတဲ့ စကားတွေ ပြောခဲ့တာ ဆက်တိုက်ပဲ။
သူ့ကိုလဲ မင်း လို့ မခေါ်ပါနဲ့တဲ့၊ ငါ့ကိုလဲ ကိုကို
ထက်မြတ် လို့ မခေါ်နိုင်ဘူးတဲ့၊ ဒါဆို ငါ အရင်လို သူ့ကို ထိချင်တိုင်း ထိလို့လဲ မရတော့ဘူးပေါ့။
ဟုတ်ပါတယ်လေ ငါတို့လို အိမ်တော်ကြီးရဲ့ အစေပါးတွေက သခင်ကို ရိုရိုသေသေ ဆက်ဆံရတာ ထုံးစံပဲလေ ဖြစ်သင့်ပါတယ်။
ВЫ ЧИТАЕТЕ
🔒 ငယ်ကျွန် 🔒Ngal Kyon🔒🔞 (Zawgyi+Unicode)
Разноеငယ်ချစ်ဦး ဖြစ်သူ ငယ်ကျွန်ဆီကို ပြန်လာခဲ့တဲ့ သခင်လေး မင်းပိုင်စိုး.... ညီ တစ်ယောက်လို လက်ပွန်းတတီး နေလာရင်း နှစ်ရှည်လများ ခွဲသွားခဲ့တဲ့ သခင်ဖြစ်သူကို အနစ်နာခံရင်း ပေးဆပ်ဖို့ ပြင်ဆင်ထားပြီ ဖြစ်တဲ့ ထက်မြတ်နိုင်... ခွဲခွာသွားတဲ့ အချိန်တွေအတွင်း မင်း တစ...
