ပထမဆုံး company သွားတဲ့ နေ့မှာပဲ မင်းပိုင်စိုး အိမ်ပြန်နောက်ကျပြီ။
ည ၈နာရီ ထိုးပြီမို့ စိတ်ပူရသူ အိမ်တော်ထိန်း တစ်ယောက် ထိုင်မရ ထမရ အိမ်ဖုန်း ဘေးနား တဝဲလည်လည်နှင့်သာ....
အကိုလေး ....... အကိုလေး ........
အော် နှင်းဆီ ပြောလေ
ဟုတ် သခင်လေး နဲ့ အကိုလေး စားဖို့ ညစာ ပြင်ပေးခဲ့ပြီ၊ နှင်းဆီ အဆောင်ကို ပြန်တော့မလို့ ရလားရှင့်
အော် ရတာပေါ့ ၊ ပြန်တော့လေ
သခင်လေးကို ငါပဲ စောင့်နေလိုက်မယ်
ပြီးတော့ မင်းအဖေကိုလဲ ပြန်ချင် ပြန်လို့ရပြီ ပြောလိုက်ဦး
ဟုတ် ဟုတ် အကိုလေး
နှင်းဆီကလေး က သူ့မိခင်နဲ့ အတူ ဒီအိမ်ကြီးမှာပဲ ကြီးပြင်းလာသူပေါ့။ ဖခင်နဲ့ ကွဲနေရာက မိခင်ဆုံးတော့ သူ့အဖေက ပြန်လာခဲ့တယ်။
အမိမဲ့ သမီးကလေးကို ပြန်စောင့်ရှောက်ချင်ပုံပါပဲ။
ဒါနဲ့ ကျနော်လဲ လုံခြုံရေး နေရာမှာ ခန့်လိုက်ပြီး ဒီခြံကြီးထဲမှာပဲ နေစရာ ပေးထားလိုက်တယ်။
အိမ်ကြီးရဲ့ အနောက်ဖက် ခြံဝန်းထဲမှာ အမေမရှိတော့ပေမယ့် ကျနော်တို့ရဲ့ သီးသန့်အိမ်ပုလေးက အရင်အတိုင်းပဲ။ ကျနော်တစ်ယောက်ထဲ ဆိုတော့ တစ်ခါတစ်ရံ ဂီတာသံလေးကလွဲပြီး တိတ်ဆိတ်လျက်သာ။
မင်း ထွက်သွားပြီး မကြာခင်ပဲ သခင်ကြီးက အလုပ်သမားတွေအတွက် အခန်းတွဲလေးတွေ ဆောက်ပေးခဲ့လို့ နှင်းဆီလေး နဲ့ သူမဖခင်က ခြံဝန်းထဲမှာပဲ နေခွင့်ရခဲ့တာပေါ့။
အိမ်ရှင်တွေ မရှိတော့ တစ်လနီးပါး ခြောက်ကပ်ခဲ့တဲ့ အိမ်အိုကြီးက သခင်လေး ပြန်ရောက်လာမှပဲ ပြန် အသက်ဝင် စိုပြေလာတယ်လို့ ကျနော်ထင်မိတယ်။
ကျနော့်ရဲ့ နှစ်ချို့အတွေးထဲ ဖြတ်ဝင်လာတဲ့ ဖုန်းသံကြောင့် ကျနော် သခင်လေးကို မျှော်နေတာဖြစ်ကြောင်း သတိဝင်လာခဲ့တယ်။
ဟဲလို.....
ကိုကိုလား?
မင်း....
ကျနော့်ကို လာကြိုပါ.....
........................
တက္ကသိုလ်ရိပ်သာလမ်းအတိုင်း တရွေ့ရွေ့ မောင်းနှင်လာတဲ့ အိမ်တော်ရဲ့ စွယ်စုံသုံး မာစီဒီး အနက်ရောင် လေးတစ်စီး ၊ ကားနောက်ခန်းမှာ အခန့်သား လိုက်ပါလာသူ သခင်လေး မင်းပိုင်စိုး နဲ့ နောက်ကြည့်မှန်ကနေ တစ်စွန်းတစ်စ အကဲခက်နေသူ ထက်မြတ်နိုင်၊
YOU ARE READING
🔒 ငယ်ကျွန် 🔒Ngal Kyon🔒🔞 (Zawgyi+Unicode)
Randomငယ်ချစ်ဦး ဖြစ်သူ ငယ်ကျွန်ဆီကို ပြန်လာခဲ့တဲ့ သခင်လေး မင်းပိုင်စိုး.... ညီ တစ်ယောက်လို လက်ပွန်းတတီး နေလာရင်း နှစ်ရှည်လများ ခွဲသွားခဲ့တဲ့ သခင်ဖြစ်သူကို အနစ်နာခံရင်း ပေးဆပ်ဖို့ ပြင်ဆင်ထားပြီ ဖြစ်တဲ့ ထက်မြတ်နိုင်... ခွဲခွာသွားတဲ့ အချိန်တွေအတွင်း မင်း တစ...
