🔒 ငယ်ကျွန် - ၁၆ 🔒 နဲနဲစီချစ်လာအောင် ကြိုးစားပါ့မယ်

1.2K 54 4
                                        


- ကိုထက်မြတ်ရေ ကျနော် အဆာပြေကို လမ်းမှာပဲ စားတော့မယ် သွားပြီနော်

ကိုကိုအဆင်သင့် ပြင်ပေးထားသော စားပွဲရှေ့တွင် ထိုင်ရုံရှိသေးတယ် ကျနော့် အတွင်းရေးမှူးက ရောက်လာတယ်။ ဒါနဲ့ ကျနော်လဲ ညီ့ကို မစောင့်စေချင်တာနဲ့ အဆာပြေမစားတော့ပဲ ထွက်လာခဲ့သည်။

ကိုကို အပင်ပန်းခံပြီး ပြင်ဆင်ပေးထားတဲ့ မုန့်တွေအတွက် တာဝန်လဲ မမဲ့ချင်တာမို့ ကိုကို့ကို ဖြေရှင်းချက် ပေးခဲ့ရသေးသည်။ ကျနော့် အိမ်ရှေ့ရောက်မှ အေပရွန်ပန်းရောင်လေးနဲ့ ကပြာကယာ ထွက်လာတဲ့ ကိုကိုက မျက်နှာတော့ မကောင်းလှပါ။

- ညီ... ကိုယ့်ကို food panda ကပဲ မှာပေးပါ
ရုံးခန်းထဲပဲ ပို့လိုက်

- ဟုတ် အကို

ညီဘုန်းထက်က အလုပ်လာလျှောက်တဲ့ မိန်းကလေးတွေ ကြားထဲမှာ ထူးထူးခြားခြား ပါလာတဲ့ တစ်ဦးတည်းသော ယောင်္ကျားလေးပါ။ ပဏာမရွေးပြီးတဲ့ နောက်ရက်မှ ရောက်လာပြီး သူ့ကိုပဲ ခန့်ဖြစ်သွားတာလဲ ကံပဲပေါ့။

ဒါပေမယ့် ကျနော် လူရွေးမှန်တယ်လို့ ထင်မိသည်။ အတွင်းရေးမှူး မိန်းကလေးဆိုပါက အားနာရတတ်သည်။ ပြောဆိုဆက်ဆံရာမှာ အထူးသတိထားရသည်။ ဘက်စုံခိုင်းလို့လဲမရ။

ညီကတော့ ကားသမားလဲ သူပဲ ၊ delivery သမားလဲ သူပဲ ၊ ကိုယ်စားလှယ်လဲ သူပဲ ကျနော့်ရဲ့ အတွင်းရေးမှူး အလုပ်တွေသာမကပဲ နိုင်သလောက် ကြိုးစားလုပ်ပေးတဲ့ လူငယ်လေး။

ကြာလာတော့ ကျနော် စဉ်းစားမိတာက ညီက ရည်းစား မရှိဘူးလားပေါ့။ သူက အလုပ်ပြီးရင်း အလုပ်ပဲ ၊ အလုပ်တွေမပြီးလို့ ညဉ့်နက်လဲ သူက ကျနော်နဲ့ အတူ၊ နယ်ခရီးတွေထွက် ပြန်မရောက်လဲ သူက ထပ်ကြပ်မကွာပဲ ၊ ဒီနှစ်ကုန်ရင် ဝန်ထမ်းပါတီ လုပ်ပေးပြီး ညီ့ကို ဝန်ထမ်းကောင်းဆု ပေးရင်ကောင်းမလားတောင် အတွေးဝင်မိသေးတယ်။

- အကို ရောက်ပြီ

- အော် အေး...

- ကျနော်သွားဝယ်ပေးရမလား

- အော် ရတယ်...ရတယ် ခဏပဲ စောင့်ပေး

ကျနော် အတွေးထဲ မျောလာရင်း ပန်းဆိုင်ရောက်တာတောင် မေ့သွားတယ်။ မနက်ဖြန်က မိဘတွေ ၃လပြည့် ဆိုတော့ အိမ်မှာ ဆွမ်းကပ်ဖို့ ပြင်ဆင်နေကြပြီလေ။ ကိုကို အရမ်းပင်ပန်းနေမှာမို့ လိုအပ်မယ့် ပစ္စည်းတွေကိုတော့ ညီ့ကို ဝယ်ခိုင်းလိုက်ပြီး ကိုကို ကြိုက်မယ့် ပန်းတွေကိုတော့ ကျနော်ကိုယ်တိုင် ဝယ်ချင်တာမို့ ဆိုင်ထဲကို ကိုယ့်ဘာသာပဲ ဝင်လာခဲ့လိုက်သည်။

🔒 ငယ်ကျွန် 🔒Ngal Kyon🔒🔞 (Zawgyi+Unicode)Where stories live. Discover now