🔒 ငယ်ကျွန် - ၈ 🔒 ကျွန်တော်က လူနာစောင့်

1.7K 61 0
                                        

ရှူးရှူးဒိုင်းဒိုင်း နဲ့ အိမ်ပြန်လာပြီး ထက်မြတ်တစ်ယောက် ခြံအနောက်ဘက်က အိမ်လေးဆီ တန်းဝင်သွားတာပဲ။

သခင်လေး လဲ မျက်နှာမကောင်း၊ ဘာတွေ ဖြစ်လာပါလိမ့်!

အရိပ်တကြည့်ကြည့် ကြည့်နေတတ်တဲ့ မမြအေးက သားနှစ်ယောက် ဘာဖြစ်လာလဲ သိချင်စိတ်နဲ့....

'သခင်လေး ညစာ ဘာစားမလဲ'

သခင်လေး အခန်းကို ဝင်ပြီး အခြေနေသွားကြည့်တော့မှ မင်းပိုင်စိုး က

'အန်တီအေး သားကို ကိုကိုထက်မြတ် စိတ်ဆိုးနေတယ်၊ အဲ့ဒါလေ ဒီနေ့ သား နေမကောင်းလို့ ဆိုပြီး
ကိုကို့ကို သားနဲ့ လာအိပ်ခိုင်းပါနော်'

'အော် သခင်လေးရယ် ရတာပေါ့
အန်တီ အဲ့ကောင်ကို အခုပဲ သွားခေါ်လာမယ်
ပြီးတော့ သားကို စိတ်မဆိုးတော့အောင် တစ်ခါတည်း ပြောလိုက်မယ် စိတ်မပူနဲ့နော်'

'တစ်ကယ်လားဟင် တော်သေးတာပေါ့
အန်တီအေး ကို အာ့ကြောင့် အရမ်းချစ်တာ'

'အမလေး ဟုတ်ပါပြီ ဒါဆို
အန်တီအေး နဲ့ ကိုကိုထက်မြတ် ဘယ်သူ့ကို ပိုချစ်လဲ'

'အမ် အဲ့ဒါက....'

'တွေ့လား ဟွန့် သူ့ အကိုကို ပိုချစ်တာ မလား
ဟား သိပါတယ် သခင်လေးရယ်
ကဲ စိတ်မပူနဲ့တော့နော် ရေချိုးတော့'

'ဟုတ်'

🔒

- ဟော သားထက်မြတ် သခင်လေးနဲ့ လာအိပ်ပေးတာလား?

- ဟုတ် သခင်လေး သိပ်နေမကောင်းဘူး ဆိုလို့

- ဟုတ်လား အန်တီလဲ မသိပါလား

သခင်မလေး တစ်ယောက် သားတော်မောင်ရဲ့ အကြောင်းကို ကောင်းကောင်းသိနေတော့ ဘာတွေ ဉာဏ်များ ပြန်ပြီလဲ ဆိုတာကို ဖော်ထုတ်ဖို့ ထက်မြတ် နဲ့အတူ သခင်လေး အခန်းထဲ လိုက်လာခဲ့တော့တယ်။

- သခင်မလေး ရောက်လာပြီလား၊ သခင်လေးက ကိုယ်နဲနဲ ပူနေလို့ အဲ့ဒါ ညရေးညတာ စိတ်ပူလို့
ထက်မြတ်ကို လာစောင့်အိပ်ခိုင်းထားတာပါ

သခင်လေးကို မယုံ့တယုံဖြစ်နေတဲ့ သခင်မလေး ရှေ့ကနေ ကာဆီးကာဆီးလုပ်နေကျ မမြအေး ကတော့ ထုံးစံအတိုင်း ကာကွယ်ပြောပေးနေပြီ။

🔒 ငယ်ကျွန် 🔒Ngal Kyon🔒🔞 (Zawgyi+Unicode)Where stories live. Discover now