ဒေါက် ဒေါက်
- သခင်လေး..... အိပ်ယာ မနိုးသေးဘူးလား
မနက်စောစော မမြအေးရဲ့ တံခါးခေါက်သံကြောင့် မင်းပိုင်စိုး တစ်ယောက် နိုးလာတယ်။
အခန်းတံခါးကို အသာဖွင့်လိုက်ပြီး ခေါင်းကလေးပဲ ထွက်ကြည့်လိုက်တော့ အခန်းရှေ့မှာ အသင့်စောင့်နေတဲ့ မမြအေးက လက်ဆတ်လန်းဆန်း အပြုံးတွေနဲ့ ဆီးကြိုလို့...
- အန်တီအေး သား နိုးပြီ၊ ဘာလို့လဲဟင်?
- အော် အဆာပြေ ဘာစားမလဲ မေးမလို့ပါ သခင်လေး၊ ထက်မြတ်ရော နိုးပြီလား သူ့ကို ဘာသွားဝယ်ခိုင်းလိုက်ရမလဲ?
- ဟို ရတယ် ၊ ကိုကိုက ညက ကျနော့်ကို စောင့်ပေးရလို့ အိပ်ရေးပျက်သွားတာ အခု မနိုးသေးဘူး
ခြေသလုံးတွေ ယောင်ကိုင်းနေတဲ့ ကိုကို့ကို အစောကြီးနှိုးပြီး မုန့်သွားဝယ်ခိုင်းမှာ စိုးလို့ ကျနော့်မှာ ထိတ်ထိတ်ပြာပြာ လိမ်ညာရသေးတယ်။
- ဒါဆို အန်တီအေး ဘာလုပ်ပေးရမလဲ အဆာပြေ အတွက်?
- ထမင်းကြော်လေးပဲ ကြော်ပေးပါ အန်တီအေး
မနက်စာကို စွပ်ပြုတ်ပဲ ပြုတ်ပေးပါနော်
- အေး အေး ၊ ဒါဆို ထမင်းကြော်ပြီး လာပို့လိုက်မယ်၊ ထက်မြတ်ကိုတော့ သူနိုးရင် လာစားခိုင်းလိုက်ဦး
- ဟို ထမင်းကြော်ကို ကိုကိုထက်မြတ် အတွက်ပါ ပြင်ပြီး ယူလာပေးလို့ ရမလားဟင် အန်တီအေး
သား က အခန်းထဲမှာ တစ်ယောက်ထဲ မစားချင်လို့ပါ
- အော် ရပါတယ် သခင်လေးရယ်
လာပို့ပေးမယ်နော် အမလေး ချစ်စရာလေး
ချွဲတတ်လွန်းတဲ့ ချစ်စရာ ကလေးငယ်လေးရဲ့ ပါးကလေးတွေကို အနမ်းခြွေဖို့ အခိုင်းစေတွေထဲမှာ မမြအေးက အထူးအခွင့်အရေး ရထားတာမို့ နွေးထွေးကြင်နာလွန်းတဲ့ မိခင်တစ်ယောက်ရဲ့ ချိုမြိန်သော အနမ်းတွေကို သခင်လေး အမြဲရတတ်တယ်။
အချိန်က မနက် ၆နာရီ စွန်းစွန်း ပဲ ရှိသေးတယ်။ ပုံမှန် ကျောင်းတက်ရက်တွေဆို ဒီအချိန်က အိပ်ယာထပြီး ကျောင်းသွားဖို့ ပြင်ဆင်နေပြီ။ ဒီရက်တွေတော့ ကျောင်းမသွားပဲ ခွင့်ယူထားပြီး ကိုကို့ကို ပြုစုရဦးမယ်။
YOU ARE READING
🔒 ငယ်ကျွန် 🔒Ngal Kyon🔒🔞 (Zawgyi+Unicode)
Randomငယ်ချစ်ဦး ဖြစ်သူ ငယ်ကျွန်ဆီကို ပြန်လာခဲ့တဲ့ သခင်လေး မင်းပိုင်စိုး.... ညီ တစ်ယောက်လို လက်ပွန်းတတီး နေလာရင်း နှစ်ရှည်လများ ခွဲသွားခဲ့တဲ့ သခင်ဖြစ်သူကို အနစ်နာခံရင်း ပေးဆပ်ဖို့ ပြင်ဆင်ထားပြီ ဖြစ်တဲ့ ထက်မြတ်နိုင်... ခွဲခွာသွားတဲ့ အချိန်တွေအတွင်း မင်း တစ...
