🔒 ငယ်ကျွန် - ၉ 🔒 ကိုကိုက ဆိုးတဲ့လူကြီး

1.8K 63 0
                                        

- ကိုကို ထက်မြတ် ဖြည်းဖြည်းထ လာ ကုတင်ပေါ်မှာ လာနေ

ခြေသလုံး တစ်ခုလုံး ရောင်ကိုင်းနေတဲ့ ကိုကို့ကို နာကျင်တာတွေ သက်သာလာအောင် ဘယ်လိုလုပ်ပေးရမလဲ မသိလို့ ကျွန်တော် ပြာယာတွေခက် နေမိတယ်။

ဒီ ဒဏ်ရာတွေက ငါ့ကြောင့်ရတာ၊ ငါ့မှာ တာဝန်ရှိတယ်၊ ငါ သန်မာလာတဲ့အခါ ကိုကို့ကို ပြန်စောင့်ရှောက်ရမယ်။

ငါသာ သန်မာနေရင် ကိုကို နဲ့အတူ ရန်ဖြစ်လို့ရပြီ၊ သူ အမြဲ လေ့ကျင့်နေတဲ့ သိုင်းတွေ ငါလဲ အတူတူ လေ့ကျင့်ပြီး၊ သူထိုးနေကျ သဲအိပ်ကို ငါလဲ အတူ ထိုးနိုင်ပြီ၊ သူနဲ့ငါ နပန်းလုံးပြီး ဆော့ကစားလို့လဲ ရပြီ။

အဲ့လိုသာဆိုရင် ကိုကိုက ငါ့ကို ပိုချစ်လာမယ် ထင်တယ်။ အခုက ငါက အားနည်းတော့ သူငါ့ကို အကြမ်းနည်းနဲ့ စ,ရင်တောင် ငါမခံနိုင်ဘူး။

ငါ သန်မာအောင် ကြိုးစားရမယ်!

- ကိုကို ထက်မြတ်.... ကိုကို ကြိုက်တဲ့ ကြက်ခြေထောက် စွပ်ပြုတ် ဟီး...

ဒဏ်ရာတွေက နာလို့လား မသိဘူး ကိုကို့ မျက်နှာက မသာယာဘူး၊ မျက်နှာလေး ညှိုးနေတာ မြင်တော့ ကျွန်တော် ငိုချင်မိတယ်။

- မင်း...

- ဗျာ ကိုကို

- သွား ရေသွားချိုးတော့၊ ငါ့ဘာသာ ငါ စားထားနှင့်မယ်၊ အခုထိ ရေမချိုးသေးပဲ နံနေပြီ

- သား က မနံပါဘူး ၊ အဲ့ဒါ ကိုကို့ဆီက အနံ့တွေ

နံလိုက်တာ...!

- အေး နံရင် ဝေးဝေးသွားနေ ငါ့နားပဲ ကပ်နေတော့ ငါက ဘယ်လိုစားရမှာလဲ

- သား ခွံ့ကျွေးမလို့ ကပ်နေတာလေ

- ဟာ....! နာတာက ခြေထောက်ပါဟ၊ လက်က အကောင်းကြီး ရှိသေးတယ်

- မရဘူး၊ အခု ကိုကို သားရဲ့ စကားကို နားထောင်ရမယ့်အချိန်ပဲ နားမထောင်ရင် အန်တီအေး နဲ့ တိုင်လိုက်ရမလား

- ဟာ ဒီကလေးစုတ်တော့ တိုးတိုးပြောပါဟ

ကိုကိုက အန်တီအေးကိုတော့ ကြောက်တယ်၊ တိုင်မှာစိုးလို့ ကျွန်တော့် ပါးစပ်ကို သူ့လက်ကြီးနဲ့ အတင်းပိတ်ပြီး မျက်မှောင်ကြီး ကျုံ့နေတာ ရီချင်စရာကြီး။

🔒 ငယ်ကျွန် 🔒Ngal Kyon🔒🔞 (Zawgyi+Unicode)Where stories live. Discover now