🔒 ငယ်ကျွန် - ၁၃ 🔒 မရုန်းပါနဲ့

2.1K 62 3
                                        

အချိန်ကား ည ၈နာရီ စွန်းစွန်း....။

ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်လျက် လေပြည်လာတိုင်း ခြံဝန်းအပြင်ဘက် ပိတောက်ပင်မှ ပိတောက်ကိုင်းတို့ ပွတ်တိုက်သံမျှသာ အသံဟူ၍ ရှိနေသည်။

ဧည့်ခန်း ပြတင်းပေါက်မှ လှမ်းကြည့်လျှင် ထင်ရှားစွာ မြင်ရသော အပြင်ဘက် လမ်းမပေါ်တွင် လူသူကင်းရှင်းနေပြီ ဖြစ်ရာ လမ်းမီးတိုင် မှိန်ပျပျသာလျှင် အထီးကျန်စွာ ငြိမ်သက်လျှက် ရှိနေသည်။

ဘေးခြံက အဖွား ထားမေအသံကို ခြံပေါက်ဝနားကနေ ကြားလိုက်ရတော့ နွားနို့တစ်ခွက် အသင့်ပြင်ထားရင်း လည်တံရှည်အောင် မျှော်နေသူ ထက်မြတ် တစ်ယောက် ခေါင်းကလေး ဝှေ့ယမ်း ကြည့်မိသည်။

စံအိမ်တော်ရဲ့ အရှင်သခင် ၊ မိမိရဲ့ အလုပ်ရှင် ဖြစ်သူ မင်းပိုင်စိုး နဲ့ အဖွားထားမေတို့ နှစ်ဦး အဖွားခြံဝန်းရဲ့ တံခါးဝမှာ စာကားပြောနေခြင်းပင်။

အဖွား ကျန်းမာအောင်နေ သားက နေ့တိုင်းလာလည်မယ်...

အေးပါ ငါ့မြေးရယ် အဖွားဆီ နေ့တိုင်းလာလည်နော်

ဟုတ်ကဲ့ပါ အဖွားရယ် သားက အဖွားကို ဘယ်နခါ ကတိဖျက်ဖူးလို့လဲ စိတ်ချနော်

အေး အေး အဖွားသိပါ့ မြေးရယ် ဒါဆိုပြန်တော့ မိုးချုပ်နေပြီ

ဟုတ် ဟုတ် အဖွား၊ အဖွားလဲ ဝင်တော့....

ငါ့မြေး ခြံထဲဝင်သွားမှ အဖွားဝင်မယ် သွား သွား...

သခင်လေး မင်းပိုင်စိုး က အဖွားကို နှုတ်ဆက်ပြီး ပြန်ထွက်လာပြီဆိုတော့ ခြံတံခါး ဖွင့်ဖို့ ကျနော် ခပ်သွက်သွက်လေး ခြံထဲဆင်းလာခဲ့တယ်။

အော် အကို မအိပ်သေးဘူးလား?

ဟုတ်ကဲ့.... သခင်လေး မလာသေးလို့ စောင့်နေတာပါ။

ခြံတံခါးကို မြန်မြန်ဖွင့်ပြီး သခင်လေး ခြံထဲ ဝင်တာနဲ့ တံခါးပြန်ပိတ်ဖို့ ကျနော်အလုပ်ရှုပ်နေတုန်း သူ.....

ကျနော့်ခါးကို မသိမသာလေး ပွေ့လိုက်ပြီး ကျနော့် ပုခုံးပေါ် မေးတင်လျက်....

အခုက တခြားအလုပ်သမားတွေ မရှိဘူးလေ၊
သခင်လေးလို့ မခေါ်လဲ ရပါတယ် ကိုကိုရဲ့....

🔒 ငယ်ကျွန် 🔒Ngal Kyon🔒🔞 (Zawgyi+Unicode)Donde viven las historias. Descúbrelo ahora