Part 1 (ZG)

13.3K 411 2
                                    

I Have A Crush On You

Part 1

Zawgyi

"အူဝဲ အူဝဲ"

"မေမေ ညီညီ‌ယေးက ချစ်စရာ‌ယေးပါးယေး‌တွေကယဲဖောင်းဖောင်း‌ယေးနဲ့နီနေပါပဲ နှုတ်ခမ်းလေးကလည်း‌ထော်ရို့ လက်ယေး ခြေထောက်ယေးကလည်း ပိစိယေး‌နော် ခ်ခ်"

စစ် တစ်ယောက် ပုခတ်ထဲတွင် နို့ဆာ၍အော်နေသော ပေါက်စလေးအားကြည့်ကာသူ့၏မေမေဖြစ်သူ ‌သိမ့်အား အသည်းယားစွာ မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်ဖြင့် ပြောနေလေသည်။တစ်ဦးတည်းသော သားပီပီ အငယ်မရှိ‌၍ အဖော်မဲ့နေသော စစ် တစ်ယောက် အခုတော့ ဘေးခြံကပ်လျက်မှ သိမ့် ၏သူငယ်ချင်းဖြစ်သူ ကြည်ဖြူ့ သား‌မွေးခါစပေါက်စလေးအား ဆေးရုံမှဆင်းတာနှင့် အပြေး‌ရောက်လာကာ အဖော်မရှိသော စစ် သူ့ထက် သုံးနှစ်ငယ်သော ပေါက်စလေးအားကြည့်ကာ အူယားပြီး‌ပျော်‌နေသည်။

"ညီညီလေးကို ချစ်လား သားစစ် "

သိမ့်သူမသားလေး စစ် ပြုံးပျော်နေတာ မြင်၍မေးလိုက်တော့

"ချစ်တာပေါ့ မေမေ ရဲ့တားတားမှာ ခုဆို ချစ်ရမယ့် တူ တီယောက် ပိုတိုးယားဘီ ခ်ခ် ဒါနဲ့ တီတီကြည်ဖြူ ပေါက်စလေးရဲ့ နာမီ ဘယ်လိုခေါ်ယဲ "

"သော်ဇင်အောင် လို့တော့ ပေးထားတယ် သားစစ် လေးရဲ့ ကြိုက်လား ညီညီလေးနာမည် "

"ဟင် တီတီ ကလည်း တားတား နာမီလည်း ပါဝူး တားတား က ညီညီယေး ကို တားတားနာမီပါ ပါစေချင်တာ "

စစ် တစ်ယောက် နှုတ်ခမ်းလေးစူကာ ငိုမဲ့မဲ့ လေးပြောတော့

"ဟော သားကတော့ လုပ်ပြီ ကြည်ဖြူရေ "

"ရပါတယ် သိမ့်ရယ် သား စစ် လေးက ညီညီလေးကိုချစ်‌တော့ နာမည်ပါစေချင်တာပေါ့ ဒါဆို သားလေး ရဲ့ စစ်မှူးခန့် ဆိုတဲ့ ခန့်လေးကိုယူပြီး သော်ဇင်ခန့် ‌လို့ ပေးလိုက်မယ် ဘယ်လိုလဲ သား‌စစ်လေး ကြိုက်လား "

ကြည်ဖြူ လည်း မိမိသားလေးမရခင်ထဲက လက်ပေါ်ကြီးလာသော စစ်လေး ကို အချစ်ပိုတာမို့ စစ်လေး သဘောကျ ဖြစ်စေရန် ပြောလိုက်သောအခါ

"ယေးးး ဒါမှ တီတီကြည်ဖြူ အာ့မို့ တားတားက ချစ်နေရတာ ခ်ခ် "

I Have A Crush On You [Completed]Where stories live. Discover now