Part 3 (Uni)

12.9K 1K 18
                                    

I Have A Crush On You

Part 3

Unicode

"မင်းတို့က ညီအစ်ကိုအရင်းတွေလား " ထူးမေးလိုက်တော့

"အင်း မိဘချင်းကလည်းသူငယ်ချင်းတွေလေ သော်သော်ကလည်း တစ်ဦးတည်းသောသား ဆိုတော့ ညီအကိုအရင်းတွေလိုဖြစ်နေပြီ "

စစ်လည်း ကိုယ့်ကို နေရာပေးထိုင်ထားတော့ မကောင်းတတ်၍ စကားပြန်ပြောနေမိသည်..

"ကောင်းပါတယ်..ငါလည်း မွေးချင်းမောင်နှမ မရှိဘူး ကွ ကျောင်းလည်း ပြောင်းလာတာမကြာသေးတော့ သူငယ်ချင်းသိပ်မရှိဘူး ၊ ငါရော မင်းတို့နဲ့ ခင်လို့ရမလား "

" ဟွင်း မရပါဘူး "

နှုတ်ခမ်းစူကာ ထပြောသော သော်သော်ကြောင့် စစ် နည်းနည်းတော့အားနာမိသွားသည်..

"ဘာလို့လဲကွ အကို့ကိုလည်း စစ်မှူးခန့် ကို ခင်သလို ခင်နိုင်ပါတယ် ညီလေး တို့ကိုလည်း အကိုက အကိုအရင်းလို စောင့်ရှောက်မှာပါ ခင်ခွင့်ပြုလေနော် "

ထူး မျက်နှာချိုသွေးကာ ထို အသားဖြူဖြူ ပုပုလုံးလုံး ကောင်လေးအား တောင်းဆို လိုက်တော့ ..

"အေးလေ သော်သော်ကလည်း အကိုကြီး တစ်ယောက် ပိုတိုးတာပေါ့ကွ မင်းရော ငါရော စားချင်တာလည်း ပူဆာလို့ရတာပေါ့ ဟီးဟီး "

ရန်လေး က မုန့်ဖြင့်မျှားကာ ပြောလိုက်သောကြောင့်

"အင်း အာ့လည်းဟုတ်သားပဲနော်၊ဒါဆို ဒီနေ့က စပြီး အကိုတစ်ယောက်ထပ်ရပြီပေါ့ နော်ကိုကို  "

"ဒါပေါ့ သော်သော် ရဲ့ ဒီအကို နာမည်က
ဆက်မော်ထူး တဲ့ ကိုကိုနဲ့ ရွယ်တူ အခန်းလည်း တူတူပဲ မှတ်ထားနော် ၊ ဆက်မော်ထူး သော်သော့် နာမည်ရင်းက သော်ဇင်ခန့် သူဘေးက ချာတိတ်လေးက  ရန်လင်းအောင် မင်းလည်း မှတ်ထားပေါ့ "

"ထူး လို့ပဲ ခေါ်ပါ ၊ ငါလည်း မင်းကို စစ် လို့ပဲ ခေါ်တော့မယ် ၊ ဒါဆို အကို တွေ ညီအကိုဘော်ဒါ တွေ ဖြစ်သွား ပြီပေါ့ သော်သော် နဲ့ ရန်လင်း "

"ဟုတ်ကဲ့ ကိုထူး" >>သော်သော်<<
"ဟုတ် ကိုကြီးထူး" >>ရန်လေး<<

I Have A Crush On You [Completed]Where stories live. Discover now