Part 23 (ZG)

5.2K 204 2
                                    

I Have A Crush On You

Part 23

Zawgyi

မေမေတို့၏ စီစဉ်မှုကြောင့် ကိုကို့ ဖေဖေပိုင်ဆိုင်မှုထဲက တစ်ခုဖြစ်တဲ့ Hotel တွင် လက်ထပ်ဖို့ဖြစ်လာတော့သည်..အခုလည်း အလှမပြင်ချင်ပါဘူးဆို တစ်သက်မှာ တစ်မဂ္လာမို့ လူအများရှေ့တွင် ပွဲထုတ်ချင်၍ ကြည့်ကောင်းအောင်ပြင်ပါဆိုသည့် မေမေနှစ်ယောက်ကြောင့် မိတ်ကပ်အနည်းငယ် ပြင်နေစဉ် ရောက်လာကြပါပြီ..

"Wow! သားလေးက ချောလိုက်တာ ကြည်ဖြူရေ ကြည့်ပါဦး "

"သား စစ် လည်းချောတာပါပဲ သိမ့်ရဲ့ ဟိုမှာ ကြည့်ပါဦး "

သော်သော် လည်း မေမေ့တို့ပြော၍ လှမ်းကြည့်လိုက်တော့..ကိုကို ကလည်း White Suit ဖြင့် သန့်ကာ ချောနေသည်မှာ အမှန်..

"သော်သော် ရေ မျက်လုံးလည်း ကျွတ်ကျမယ်နော် ၊ သားစစ်က ခနနေသားအပိုင်ဖြစ်ပါပြီ "

"ဟာ မေမေ ကလည်း သော်သော့်ကို လူရှေ့သူရှေ့ဆိုလုပ်ပြီ ၊ ဒီတိုင်းလေး ကြည့်မိတာပါ "

ကိုကိုကတော့ သော်သော့်အဖြစ်ကိုကြည့်ပြီး ရီမောနေသည်..

"ကဲရော့ သော်သော် "

"ဟင် ဘာလဲ တီတီသိမ့် "

" သားတို့ နှစ်ယောက် နေဖို့အိမ်သော့လေ ၊ ဒါနဲ့တီတီတဲ့လား သားလေးရဲ့ ၊ မေမေ လို့ပြောင်းခေါ်တော့လေကွယ် ၊ အမျိုးတွေပဲ ဖြစ်တော့မှာ ကို "

" ဟီး ဟုတ်ကဲ့ပါ မေမေသိမ့် "

"အမလေး မေမေသိမ့် သားလေးကချစ်စရာလေးပါကွယ် "ေ

ဒ်ါသိမ့်မှူးခင် အသည်းယားပြီး သော်သော့် ပါးလေးကို မွေးမယ်လုပ်တော့...

"မေမေ !"

ဒေါ်သိမ့်မှူးခင်အား အနောက်မှ လက်လှမ်းဆွဲလိုက်သော စစ်

"ဟဲ့ ဘာဖြစ်တာလဲ ၊ အူတိုလိုက်တာ မင်းကလည်း ၊ မေမေလည်း ပိုင်ပါတယ်နော် မွေးထဲကမေမေ့ လက်ပေါ် သော်သော်လေးကကြီးလာတာ "

"မဟုတ်ပါဘူး ၊ ကျွန်တော် က သော်သော့် မိတ်ကပ်တွေပျက်ကုန်မှာ စိုးလို့ပါ ၊ ခနနေ ပွဲစတော့မှာ မှတ်လား "

I Have A Crush On You [Completed]Where stories live. Discover now