Part 28 (Uni) 🔞

11.9K 742 2
                                    

I Have A Crush On You

Part 28

Unicode

Warning : This part may contain adult scenes ⚠️

" ကိုကို ရေ သော်သော်အန်ချင်လာပြီ "

"ပြောသားပဲ အရမ်းမသောက်ပါနဲ့လို့ဆိုတာကို သွားသောက်တာကိုး ခုတော့အန်ချင်ပြီပေါ့ "

"နည်းနည်းပါ ကိုကိုကလည်း ၊ ရန်လေးနဲ့ ခြူးကိုဂုဏ်ပြု တဲ့အနေနဲ့ သောက်တာပါ "

စစ် , ကားမောင်းနေရင်း ဘေးတွင် ပျို့ တက်လာသည့် အချစ်လေးကြောင့် ကားထဲတွင်အဆင့်သင့်ထည့်ထားလေ့ရှိသည့် ကြွပ်ကြွပ်အိတ်လေးအား လှမ်းပေးကာ အန်စေလိုက်သည်..

"သက်သာ သွားပြီလား "

"ဟုတ်..အခုမှပဲ ရင်ထဲနေလို့ကောင်းတော့တယ် ဟီး "

"ဟုတ်ပါပြီဗျာ..ဆင်းတော့ အိမ်ရောက်ပြီ "

"လမ်းလျှောက်ချင်ဘူး..ကိုကိုချီ "

မိမိအားချွဲနေသည့် ချွဲစိန်လေးကြောင့် စစ်,လည်း ပွေ့ချီကာ အခန်းထဲဝင်လာပြီး ကုတင်ပေါ်ချပေးလိုက်သည်..ထို့နောက် ရေချိုးရန် Bathtub ထဲသို့ ရေပူရေအေးစပ်ထားလိုက်သည်..

ထို့နောက် ရေချိုးရန် Bathtub ထဲသို့ ရေပူရေအေးစပ်ထားလိုက်သည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ကဲ အချစ်လေး ရေချိုးတော့..အရက်နံတွေစွဲနေလိမ့်မယ် ထ "

"အာ..အိပ်ချင်နေပြီ ၊ ဒီတိုင်းပဲ အိပ်လိုက်တော့မယ် "

"အရက်နံစွဲကုန်မှာပေါ့ အချစ်လေး ရ ၊ မဆိုးနဲ့နော် လာ ကိုကို ချိုးပေးမယ် "

"ပြီးရော "

လက်လေးနှစ်ဖက်ဆန့်ကာချီဆိုပြီး လုပ်ပြနေတဲ့ ဖြူဖြူဥဥ ကောင်ချောလေး နည်းနည်းလေးလည်းသောက်ထားတော့ ပါးလေးတွေကနီရဲလို့..

I Have A Crush On You [Completed]Where stories live. Discover now