Part 8 (ZG)

5.2K 229 0
                                    

I Have A Crush On You

Part 8

Zawgyi

"သားငယ်တို့ ဟိုရောက်ရင် ကိုကိုကြီးတွေစကားနားထောင်ရမယ်နော် "

"ဟုတ် မေမေ "
"ဟုတ်ကဲ့ တီတီကြည်ဖြူ"

"သားစစ် နဲ့သားထူး လည်း ကလေးတွေကို အရမ်း အလိုမလိုက်နဲ့နော် ၊ ဆူစရာရှိဆူ တာဆူ "

"ဟာ မေမေက လုပ်ပြီ သော်သော်တို့က မဆိုးတော့ပါဘူး ၊ လိမ္မာနေကြပါပြီဆို"

အကျင့်အတိုင်း နှုတ်ခမ်းစူကာ သော်သော်ပြောလိုက်တော့..အကုန်လုံးက သူ့အားကြည့်ကာ ဝိုင်းရီကြတော့သည် ..

"သား စစ် ဟိုရောက်တာနဲ့ မေမေတို့စီဖုန်းဆက်နော် ၊ ညနေဘက်တွေ လည်း ရေမချိုးကြနဲ့ နယ်ခြားမှာ အစားအသောက်လည်းဆင်ခြင် ဖျားနာနေမြှဖင့် ဒီကလူကြီးတွေ စိတ်ပူနေရမယ်"   အိမ်က ကားဖြင့်သွားပါဆိုတာ ကိုပြောမရပဲ Highway Express ကားဖြင့်သာ အတွေ့အကြုံ အသစ်ရချင်၍ သွားချင်ကြသည်ဟုဆိုတာ ပြောကြသော ကလေးလေးယောက်ကြောင့် ဒေါ်သိမ့်မှူးခင် တို့လည်း လက်လျော့ ကာ ကားမထွက်ခင် ***Car Gate တွင် ကလေးတွေကို လိုက်ပို့ရင်း မှာစရာရှိတာ မှာကြားနေရသည်..

" စိတ်ချပါ မေမေရယ် ၊စိတ်မပူပါနဲ့ ညီလေးတို့ကို သားနဲ့ထူး ကသေချာ ဂရုစိုက်ပါ့မယ်"

"ဟုတ်ပါတယ် အန်တီတို့ရယ် ကျွန်တော် နဲ့ စစ် ကို ယုံယုံကြည်ကြည် နဲ့သာ ကလေးတွေအပ်လိုက်ပါ "

ထူး ပါ ဝင်ပြောလိုက်တော့မှ အန်တီတို့တွေ စိတ်ချကာ  ဘုရားသေချာရှိခိုးရန် မှာပြီး ပြန်သွားကြသည်..

"ဟျောင့် ရန်လေး ငါတို့ အချဉ်ထုပ်တို့ နေကြာစေ့ တို့သွားဝယ် ရအောင် ဟိုမှာ ABC Store  "

"အေး ငါလည်းပြောမို့ ကားပေါ်ကျ ပျင်းနေမှာ ကွ စားစရာမရှိရင် ဟီး"

စစ်နှင့်ထူး တို့လည်း ငယ်ငယ်ထဲက အစားသောင်းကျန်း ကြသည့် ကလေးတွေမှန်းသိသည့်မို့ ဘာမှဝင်ပြောမနေတော့ပဲ မုန့်ဝယ်ရန် ခွင့်ပြုလိုက်တော့ နှစ်ယောက်သား လစ်ခနဲဆို ကပ်လျက် ABC Store ထဲ ဝင်သွားကြတာ တော်တော်ကြာ ပြန်ထွက် လာတော့ လက်ထဲတွင် ကြွပ်ကြွပ်အိတ်အဖြူ ကြီး တစ်ယောက်တစ်လုံး ဆွဲ လို့ နှစ်ည အိပ် သုံးရက်ခရီးကို တစ်လစာလောက် ဝယ်လာကြသည်လား မှတ်ရသည်...

I Have A Crush On You [Completed]Where stories live. Discover now