Part 9 (ZG)

4.8K 216 0
                                    

I Have A Crush On You

Part 9

Zawgyi

စစ် တို့ ကမ်းခြေ ရောက်တော့ မီးပုံပွဲလေး နှင့် သီချင်းသံတစ်ချို့ ဖွင့်ကာ ပါဆယ်ဂိမ်း ကစားရန်ဝန်ထမ်းတချို့ကစီစဉ်နေကြသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

စစ် တို့ ကမ်းခြေ ရောက်တော့ မီးပုံပွဲလေး နှင့် သီချင်းသံတစ်ချို့ ဖွင့်ကာ ပါဆယ်ဂိမ်း ကစားရန်ဝန်ထမ်းတချို့ကစီစဉ်နေကြသည်..တစ်ချို့ကလည်း မီးရှူးမီးပန်းတွေ ဖောက် လို့ပေါ့..

"သော်သော် တို့ဆော့ချင်ကြလား "

"ဟုတ် ဆော့မယ် ကိုစစ် "

ရန်လေးတစ်ယောက် မဆိုင်းမတွပင် ဖြေကာ သော်သော့် လက်အား ဆွဲကာ လူအုပ်ကြားထဲ ဝင်ရပ်တော့သည် ..စစ် နှင့် ထူး လည်း ထုံးစမ်းအတိုင်း အနောက်က လိုက်ရတော့သည်..

"ကဲ လူများလာပြီဆိုတော့ ပါဆယ်ဂိမ်းလေးစလိုက်ကြစို့ "

Hotel မှ ဝန်ထမ်းတစ်ဦးက မိုက် လေးကိုင်ကာ စတင် ကစားဖို့ပြောပြီး အဆိုတော်ဦးဝင်းဦး ၏ မီးပုံပွဲ သီချင်း ဖြင့်အစချီလိုက်ကာ..ပါဆယ်ဂိမ်း ကစားလိုက်ကြတာ တစ်ပွဲ ပြီး တစ်ပွဲ မဲနှိုက်ကာ ပေါက်သည့် မဲအတိုင်း သီချင်းဆိုပြရသည့်သူ ၊ ကပြရသည့် သူ နှင့် ရီမောနေကြရသည်..အခုထိတော့ စစ်တို့ လေးယောက်အလှည့် မကျသေးပေ..

မီးပုံပွဲမယ်...စုကာဝေးကာ
အပေါင်းအဖော်များနဲ့ပျော်ရွှင်ဖွယ်
လှကညာဂမုန်းရယ်
ညုသလိုပြုံးတယ်
ရှု့သလိုမဆုံးအောင်ပင်ကိုကြွယ်
မောင့် အသဲထဲဝယ်
ထာဝစဉ်အမြဲကွယ်
ပစ်မခွာမပြေးနဲ့ မောင့်မှာတော့ကွယ်
နှစ်ယောက်အတူနေချင်တယ်
လောကဘဝတစ်ကွေ့ဝယ်
ပရိယာယ်ကင်းလို့ရယ်
စိတ်အေးချမ်းမြတယ်
တူမောင်ဝယ်
လှစံပယ်မောင့်မျက်ခြယ်
ချစ်ချင်ပဲသက်လယ်
သေအတူ ရှင်မကွာတယ်
ဟေ့ ...

I Have A Crush On You [Completed]Where stories live. Discover now