Part 19 (ZG)

4.9K 226 0
                                    

I Have A Crush On You

Part 19

Zawgyi

စစ်,မေမေ ပြောသည့် သော်သော်နှင့်လက်ထပ်ပေးချင်တာ ဆိုသည့် စကားကြောင့် အတွေးနယ်ချဲ့ကာ တစ်ညလုံး အိပ်လို့မပျော်ခဲ့ပါ...အခုလည်း စိတ်ရှုပ်လာတာနဲ့ အသင့်ဖျော်စက်မှ Coffee ပူပူလေးတစ်ခွက်အားယူကာဆေးရုံအတွင်းကပန်းခြံခုံတွင်ထိုင်ကာသောက်နေတုန်း ထူး,ကရောက်လာသည်..

" စစ်, မင်း ညက မအိပ်ဘူးလား မျက်တွင်းတွေကျ နေတယ် "

"အေး ဟုတ်တယ် ထူး ,ငါ ဘာဖြစ်နေလဲမသိပါဘူးကွာ "

"မင်း အဆင်ပြေတယ်ဆို ငါ့ကိုတိုင်ပင်လို့ ရပါတယ် ကွ "

"အေး မေမေကပြောတယ် ဟိဏ်းက သော်သော့်ကို လက်ထပ်ဖို့ သူ့အမေကတဆင့် တီတီ ကြည်ဖြူတို့ကိုပြောတယ်တဲ့ , ပြီးတော့ မေမေ က ငါ့ကို သော်သော် နဲ့ဖြစ်နိုင်ရင် လက်ထပ်စေချင်တာတဲ့ , ငါ ဘာလုပ်ရမလဲမသိဘူးကွာ "

ထူး , စစ်ပြောသည့် စကားကြောင့် ရီလည်း ရီချင်မိပါသည်..စာ နှင့် အလုပ်ဖြင့်သာ အချိန်ကုန်နေသော စစ် တစ်ယောက် အခုထိ အချစ်ဆိုတာ ဘာမှန်းမသိသေး ..သော်သော့် ကိုလည်း ညီလေးလို ချစ်တာပါဟုဆိုကာ အမြဲ ရှောင်နေခဲ့တာလေ...

"အဲ့တော့ မင်းကကော သော်သော် ပေါ်ခံစားချက်ရှိနေပြီလား "

"ဟာ မင်းကလည်း ယောကျာ်းလေးအချင်းချင်း ဖြစ်မှ မဖြစ်နိုင်တာ "

"ဟျောင့် အချစ်မှာ ယောကျာ်းလေးအချင်းချင်းမို့ မိန်းကလေးအချင်းချင်းမို့ ချစ်လို့မရဘူး လက်ထပ်လို့မရဘူး ဆိုတာ မရှိဘူး , မင်း အာ့လိုသာတွေးနေရင် သော်သော် သူများနောက်ပါသွားမှ အခုခံစားနေရတာထက်ပိုစိုးမယ် , မင်း သေချာ စဉ်းစား "

"မင်း ပြောတာလည်းဟုတ်ပါတယ် ဟူးးး ငါ့ကိုကူညီပါဦးကွာ ငါဘယ်လိုလုပ်ရမလဲ ၊ သော်သော် ကငါ့ကို အခုဆိုစကားမပြောတာ ကြာပြီကွ ငါငွေဆောင်မှာ သူဖွင့်ပြောတာကိုငြင်းပြီးထဲကပဲ ၊ ငါကလည်း အဲ့အချိန် တုန်းကသူ့ကို ညီလေးအရင်းလိုမျိုး ချစ်တာလေ မိဘတွေငါတို့ကြောင့် မျက်နှာပျက်စရာ တြွေဖစ်မှာရယ် သူ့ကို လမ်းမှားမရောက်စေချင်တာကြောင့် ငြင်းခဲ့တာပါကွာ, အခုလို သူများနောက်အပြီးပါသွားမှာမျိုးတော့ ငါလက်မခံနိုင်ဘူး ပြီးတော့ ငါလည်း သူ့ကို ညီအစ်ကိုလိုချစ်တာထက်ပိုနေပါပြီ "

I Have A Crush On You [Completed]Where stories live. Discover now