Part 27 (Uni)

9.1K 727 16
                                    

I Have A Crush On You

Part 27

Unicode

Companyရှိလူကြီးများနှင့် Meeting ပြီးနောက် အားလုံးအပြင်ထွက်သွားကြချိန်တွင် ရန်လေး က သော်သော်တို့အား အဖြူရောင် ဖိတ်စာလေး ပေးလာ၍ Surprise မိသွားရသည်..

"Wow!! တယ်ဟုတ်ပါလား ရန်လေး တကယ်ကြီး ခြူး နဲ့ မဂ္လာဆောင်တော့မယ်ပေါ့ "

"အေးကွ..သူ့မိဘတွေကလည်း ငါတို့ကို တွဲလာတာ နှစ်တွေကြာပြီဆိုတော့ လက်ထပ်စေချင်ပြီ လေ "

"Congratulations ပါ ရန်လေး "

"ကျေးဇူး ဟိဏ်း ၊ ငါတို့အဖွဲ့ထဲ မင်းပဲကျန်တော့တာနော် ကြိုးစားထား "

"ဟားဟား အေးပါကွာ မင်းတို့နှစ်ယောက်က ပြောအားရှိတော့ ပြောပေါ့ "

ဟိဏ်း ,ပြောလည်းခံရမှာမို့ ညိမ်ကာပင်နာခံနေရသည်..

"အပိုတွေနော် ဟိဏ်း ,ကိုကို စီကပြောသံ ကြားတာတော့ မင်း နဲ့ ကိုထူးက အခုတလောခနခနတွေ့နေကြတယ်ဆို "

"ဘာ! ဘယ်လို!! ဟျောင့် ဟိဏ်း မင်းက ဘာတွေ ဒိုင်လျိုထားတာ လဲ ပြော "

"အာ..ငါတို့က ညီအစ်ကိုလိုခင်တာပါကွ ၊ သော်သော် လွန်ခဲ့တဲ့ ၃ လ Singapore သွားတုန်းက ငါ Bar မှာဆေးသမားတွေနဲ့ရန်ဖြစ်တော့ ကိုထူး ကဝင်ကူညီပေးဖူးတယ်လေ အဲ့တာကြောင့်ပါ ၊ ပြီးတော့ ငါ့အမေ ကလည်း နှလုံးသိပ်မကောင်းတော့ သူ့အသိဆရာဝန်တွေနဲ့ သူကကူညီပြီးချိတ်ပေးနေတာ " ဟိဏ်း , ရှင်းပြလိုက်တော့မှ..

"အေးပါ ..မင်း ပြောတော့လည်း မင်းအပြောပေါ့ကွာ "

သော်သော် ,ကတော့ သိနေတယ်ဟူသော အထာဖြင့်သာ အကြည့်တစ်ချက်ဖြင့်ရှိုးကာပြောလိုက်သည်..

"ဒါဆို ငါ မဂ္လာဆောင်ဖိတ်စာ တွေ လိုက်ဝေလိုက်ဦးမယ် ကွာ မင်းတို့ နှစ်ယောက်လည်း လက်ဖွဲ့ဖို့ပြင်ထားကြတော့ ''

"ဟာ ! ဒီချစ်တီးကတော့ ဒိုး ဒိုး "

အများအရှေ့တွင်သာ လူကြီးပုံဖမ်းထားကြသော်လည်း သုံးယောက်ထဲရှိနေချိန်တွင်သော တက္ကသိုလ်ကျောင်းသားလေးတွေကဲ့သို့ပင် စကာ နောက်ကာဖြင့် အမြဲတစ်စေ ပြောဖြစ်ကြပါသည်..
.
.
______________

I Have A Crush On You [Completed]Where stories live. Discover now