Part 22 (Uni)

10.1K 967 38
                                    

I Have A Crush On You

Part 22

Unicode

"ခင်ဗျား ကျွန်တော့်ကို ချပေးနော် ချပေး "

စစ် ,ထိုငဂျစ်ကောင်လေးဘယ်လိုအော်အော် ဂရုမစိုက်  Security အကူအညီဖြင့် ကားတံခါးဖွင့်ကာ Lover Seat မှာ ချပေးလိုက်ပြီး ကိုယ်လည်း Driver's seat တွင်ဝင်ထိုင်လိုက်သည်...

"ဘာလို့ ဒီလောက်တောင် အရက်တွေသောက်ရတာလဲ သော်သော် ရယ် "

"မုန်း လို့ ခင်ဗျားကြီးကို မုန်းလို့ "

စစ် ၏ ရင်ဘက် အား တ ဘုန်း ဘုန်း ထုကာ ငိုပြီးပြောလာသော ထိုကောင်လေး ကြောင့် စစ် လည်း ရင်ဘက်ထဲ ထွေးပွေ့ကာ ဖက်ထားလိုက်သည်..နေ့လည်က မြင်ကွင်းက ဒီကောင်လေးအား ခံစားရခက်သွားစေတာလား..ဒါဖြင့် သူ့ကိုချစ်နေဆဲပေါ့ ကိုယ့်အတွေးဖြင့်ကိုယ်လည်း ပျော်နေမိပြန်ပါသည်...

"လွှတ် ကျွန်တော့်ကို မထိနဲ့ "

"ချစ်တယ် သော်သော်ရယ် ကိုကိုပြောတာယုံပါ နေ့လည်က သော်သော်တို့ထင်သလိုမဟုတ်ပါဘူး ၊ တွယ့်တာ ကသူ့အဖိုး မှာကင်ဆာဖြစ်နေတာကြောင့် ငိုနေလို့ ကိုကို့က နှစ်သိမ့်ပေးနေတာပါ ပြီးတော့ သူ့မှာ အိမ်ကလူကြီးချင်း သဘောတူထားတဲ့သူလည်းရှိတယ် "

"ခင်ဗျားကြီး လိမ်နေတာ မယုံဘူး "

"ကဲ မယုံရင် ကိုကို တွယ်တာ့ကိုဖုန်းဆက်လိုက်မယ် "

"မဆက်နဲ့ "

"ဟောဗျာ မဆက်တော့ ဘယ်လိုသက်သေပြရမှာလဲ "

"မသိဘူးဗျာ ယုံတာတော့မယုံဘူး ..ခင်ဗျား က ကျွန်တော် ချစ်နေတယ်ဆိုတိုင်း လူကို လှည့်စားနေတာ "

"ဟမ်! ဘယ်လို ချစ်တယ် ဟုတ်လား သော်သော် ထပ်ပြောပါဦး ကိုကို ကြားချင်လို့ "

သော်သော်လည်း မိမိစကားမှားသွားပြီမှန်းသိ၍ ပြန်မဖြေတော့ပဲ တစ်ဖက်သို့လှည့်ကာ အပြင်ကိုငေးကာနေ‌လ‌ေတာ့သည်...

စစ် ,ဘယ်လိုပင် ထပ်မေးမေး သော်သော်ကဖြေမလာတာချေ..ထို့ကြောင့်ရှက်သွားသည့်အမူးသမားလေးအား အိမ်သို့သာ ခေါ်လာခဲ့လိုက်တော့သည် ၊ အိမ်ရောက်တော့ အမူးသမားလေးက တခူးခူး ဖြင့် အိပ်တောင်ပျော်နေပြီ...

I Have A Crush On You [Completed]Where stories live. Discover now