Part 21 (Uni)

10K 1K 74
                                    

I Have A Crush On You

Part 21

Unicode

သော်သော် တို့ရှေ့တစ်ပတ်ဆို ဖေဖေ့ Company မှာ အလုပ်ဝင်ကြတော့မည် ဖြစ်တာကြောင့် မေမေနဲ့ တီတီသိမ့် တို့က အိမ်မှာ ကြာဇံချက် ချက်ကျွေးကြသည်..သုံးယောက်သားလည်း ဝိုင်းကူညီကာ ငုံးဥ လေးတွေခွါသူခွါ အသီးအရွက်လေးတွေ လှီးသူလှီးနှင့်ပေါ့..

"Wow! အနံလေးကို မွှေးနေတာ ပဲ ..သော်သော်တော့ ဗိုက်ဆာ နေပြီ ဟီး"

"ခနနေရင် စားလို့ရပါပြီ သားလေးရဲ ့ ၊ စားပြီးရင်တော့ ဆေးရုံ မှာ သားအကိုကြီး နှစ်ယောက်ကိုသွားပို့ပေးလိုက်ဦးနော် သားထူး က ကြက်ဇံချက် ဆိုသိပ်ကြိုက်တာ အစောကတင် ဖုန်းဆက်လာတယ် ကျက်ပြီးလားတဲ့ "

"ဟုတ်ကဲ့ ပါမေမေ ကလည်း စားတောင်မစားရသေးဘူး ခိုင်းနေပြီ ဟွန်း "

"ဟုတ်ပါ့ ကြည်ဖြူ ကလည်း ကလေးတွေ ဝအောင် စားကြပါစေ ပြီးမှ သိမ့်သွားပို့လိုက်မယ် "

"အာ မလုပ်ပါနဲ့ အန်တီ ကလည်း အားနာစရာ ကျွန်တော် တို့သုံးယောက်သွားလိုက်ပါမယ် ၊ ဆေးရုံ က သိပ်ဝေးတာ လည်း မဟုတ်တာ ''

" တွေ့လား သော်သော် ၊ ရန်လေး ကမှ လိမ္မာသေးတယ် "

"မေမေကတော့ လုပ်ပြီ "

"ကဲ ကျက်ပါပြီရှင် စားလို့ရပါပြီ "

သုံးယောက်သား စားသောက်ပြီးနောက် မေမေတို့ ထည့်ပေးလိုက်တဲ့ ငါးဆင့်ချိုင့် နဲ့ လေးဆင့်ချိုင့် နှစ်ချိုင့်ဆွဲကာ ဆေးရုံသို့ထွက်လာခဲ့ကြသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သုံးယောက်သား စားသောက်ပြီးနောက် မေမေတို့ ထည့်ပေးလိုက်တဲ့ ငါးဆင့်ချိုင့် နဲ့ လေးဆင့်ချိုင့် နှစ်ချိုင့်ဆွဲကာ ဆေးရုံသို့ထွက်လာခဲ့ကြသည်...

"ခန့် ကိုယ် ကားပေါ်ကပဲ စောင့်နေတော့မယ် ၊ မလိုက်တော့ဘူးနော် သိပ်မကြာစေနဲ့ "

I Have A Crush On You [Completed]Where stories live. Discover now