Part 25 (Uni)

9.9K 755 8
                                    

I Have A Crush On You

Part 25

Unicode

"နိှုး ပြီလား အချစ်လေး "

စစ် ရင်ဘက်ထဲ မှ တလှုပ်လှုပ်ဖြင့် လှုပ်လာတာကြောင့် ငုံ့ကြည့်လိုက်တော့ ပွင့်နေသည့် မျက်လုံးကို မှိတ်ကာ ရင်ဘက်ထဲ ပြန်တိုးဝင်လာပြန်သည်...

"ဟာ! ကိုကို့ အချစ်လေးက ရှက်နေတာလားကွ ၊ ပြပါဦး မျက်နှာလေး "

စစ် , မျက်နှာလေးအား မော့စေကာ ကြည့်လိုက်တော့ ခရမ်းချဥ်သီးလေးအလား..

"လွှတ်တော့ ဗျာ ၊ ထတော့မယ် "

သော်သော် လည်း ရှက်တာကြောင့် ကုတင်ပေါ်က ကုန်းကာ ထလိုက်တော့

"အာ့ ! ''

" ဟာ! တော်တော် နာသွားတာလား ၊ ကိုကို တောင်းပန်ပါတယ် အချစ်လေးရယ် "

စစ် , လည်း မိမိ ငယ်ငယ်ထဲ ကအမြတ်တနိုးတန်ဖိုးထားရသည့် ကလေးက အခုကိုယ့်ကြောင့် နာကျင်နေတာ မြင်ရတော့ စိတ်ထဲမကောင်းဖြစ်ကာ မျက်ရည်တွေပင် ဝိုင်းလာရသည်..

"အယ်..ကိုကိုက ဘာလို ငိုရတာလဲ ၊ သော်သော် ခံနိုင်ပါတယ် ကိုကို ရဲ့ ၊ ရုတ်တရက်မို့ ပါ နာသွားတာပါ "

သူလုပ်ပြီးသူကငိုနေသည့် ကိုကို့ကြောင့် ခံရသည့် ကိုယ်ကပင် ပြန်ချော့နေရသည့် အဖြစ်..

" အင်း..ကိုကို အချစ်လေး စားဖို့ ဆန်ပြုတ်လေး ပြုတ်ပေးမယ် နော် ၊ ဒီရက်ပိုင်း တော့ အစာပျော့ပျော့ လေးပဲ စားပေးနော် "

"ဟုတ် ကိုကို ၊ သော်သော် မျက်နှာ သစ်ချင်တယ် "

"ဒါပေါ့ ဟော့ဒီက ယောကျာ်း က လုပ်ပေးမှာပေါ့ "

သော်သော် အတိုင်းမသိပျော်မိပါသည် , နာကျင်ရပေမယ့် ကိုကို့ရဲ့ ချစ်ခြင်းမေတ္တာတွေကိုအပြည့်အဝမြင်ရခဲ့ပြီး သာယာမှု့ကိုလည်းခံစားတတ်ခဲ့ပြီမှတ်လား..
.
.
________________

"သားလေးရေ မေမေတို့လာတယ် "

သော်သော် အိမ်ရှေ့မျက်နှာစာတွင် မတ်တပ်ရပ်ကာပန်းပင်လေးတွေကိုရေလောင်းနေတုန်းမေမေတို့ရောက်ချလာသည်..

I Have A Crush On You [Completed]Where stories live. Discover now