Part 18 (Uni)

9.9K 894 21
                                    

I Have A Crush On You

Part 18

Unicode

သော်သော် တို့ မြန်မာပြည်လေဆိပ်ရောက်တာနဲ့ပစ္စည်းတစ်ချို့အား ရွေးယူပြီး ဖေဖေက သူ့ကားဆရာဦးမျိုးထံ ဖုန်းဆက်ကာ ကားရပ်ထားသော နေရာကို မေးပြီး ထွက်ပေါက်သို့ လမ်းလျှောက်လာခဲ့ကြသည်...

"သားလေး တီတီသိမ့် စီလာပါအုံး ဖက်ထားချင်လို့ ၊ အမလေး လွမ်းနေတာ ငါ့သားလေးကို "

"ဟာ တီတီသိမ့်တို့လာကြိုတာလား ၊ သော်သော် လည်းတီတီတို့ကိုလွမ်းနေတာပါ "

"သား တီတီ က အိမ်မှာစောင့်နေပါ သော်သော် လာတွေ့မှာပေါ့လို့ ဦးဦးပြောတာတောင် နားမထောင်ဘူးလေ ၊ လေဆိပ်အထိကို လာကြိုချင်တော့တာပဲ "

" သား ကိုကို ကလည်း လိုက်လာချင်တာ လာခါနီးမှ ဆေးရုံ မှာ အရေးပေါ်လူနာခွဲခန်းဝင်ရမယ် ဆိုတာနဲ့ မပါလာတာ "

"ဟုတ်ကဲ့ပါ တီတီ ၊ လာ အိမ်ပြန်ကြမယ် တီတီဖို့ လက်ဆောင်တွေ ပါတယ် "

"အမလေး ငါ့သားလေးက ချစ်ဖို့ကောင်းလိုက်တာ "

ဦးကောင်းထက်ဇင် နှင့် ဦးသီဟထွန်း တို့လည်း မိမိတို့ရှေ့မှ သားသော်သော်အား ဘယ် ညာ လက်ချိတ်ကာ ထွက်သွားကြသော ဇနီးသည်တွေကို ကြည့်ကာ ခေါင်းတရမ်းရမ်း နှင့်...
.
.
"သားလေး ထည့်စားနော် သားအကြိုက်တွေကြီး ပဲ တီတီကိုယ်တိုင် ဈေးကနေ မနက်စောစော သွားဝယ်ပြီး ချက်ထားတာ ၊ တီတီ့သားလေးကို နောက်နေ့မှ မုန့်ဟင်းခါး ချက်ကျွေးဦးမယ် "

တီတီသိမ့် က ညစာခေါ်ကျွေး၍သော်သော်လည်းလက်ဆောင်ပေးရန်တစ်ခါထဲယူလာကာ ထမင်းလာစားနေလိုက်သည်..

"ဟီး ရပါတယ် တီတီ ရဲ့ ပင်ပန်းနေပါမယ် "

"အမလေး မပင်ပန်းပါဘူး တော် , တီတီ့သားလေးကို လွမ်းနေရတာ အတိုးချပြီးကို ချက်ကျွေးမှာ "

" သော်သော် ကလည်း တီတီ့လက်ရာဆို စားပြီးသားပါနော် "

"မိန်းမရေ သော်သော်လေး ထမင်းအေးဆေးစားပါစေကွာ , မင်းကလည်း စကားတွေပြောနေတာပဲ "

ဦးဦးသီဟ ကလည်းမီးဖိုချောင် တံခါးဝနားတွင်ရပ်ကာလှမ်းပြောလာသည်..

I Have A Crush On You [Completed]Where stories live. Discover now