Part 16 (ZG)

4.9K 220 2
                                    

I Have A Crush On You

Part 16

Zawgyi

"ဟျောင့် ရန်လေး , ခန့်ကော "

ဟိဏ်း , ကျောင်းရောက်တော့ ခုံတွင်တစ်ယောက်ထဲထိုင်ကာ Laptop တစ်လုံးဖြင့်အလုပ်ရှုပ်နေသော ရန်လေး အားမေးလိုက်ရာ..

"သော်သော် က Part Time အလုပ်အတွက် Interview သွားဖြေတယ်ကွ "

"ဟမ် ခန့် က ဘာကြောင့် Part Time လုပ်မှာလဲ "

"သူ ခြေထောက်ပေါ် သူရပ်တည်နိုင်အောင် ကြိုးစားမယ် တဲ့ ဟျောင့်ရေ ၊ ငါလည်း Assignments တွေ မပြီးသေးလို့ လိုက်မသွားဖြစ်ဘူး "

"အေးကွာ ၊ ငါ အခု ဖုန်းဆက်တာ လည်း မကိုင်ဘူးကွ "

"သူ missed call တွေ့ရင် ပြန်ခေါ်မှာပါကွာ ၊ မင်းကော assignment တွေ ပြီးပြီလား "

"ဟီး ငါလည်း မပြီးသေးဘူးကွ ၊ နည်းနည်း ပြင်ဖို့ကျန်သေးတယ် ၊ ခန့်ကကော ပြီးသွားပြီ လား "

"Print ထုတ်ဖို့ပဲ ကျန်တော့တယ် ဟျောင့်ရေ ၊ တော်ပြီ တော်ပြီ မင်းနဲ့ စကားပြောနေရတာ အချိန်ပုတ်တယ် "

"အောင်မာ အပိုတွေမပြောစမ်းနဲ့ ဟျောင့် မင်း ဟို မန်းလေးကနေ Structure လာတက်နေတဲ့ ခြူးသစ္စာ ကိုကျ ပိုးပန်းပြီး အချိန်တြွေဖုန်းနေတာ ငါမသိဘူးများ မှတ်နေလား "

"ဪ တူမလားကွ ဟိုက အလှလေးလေ ၊ မင်းက အော့ "

ရန်လေး ,ဟိဏ်းအားစချင်၍ အန်သည့်ပုံစံလုပ်ပြလိုက်သည်..

" ယီး ကို အော့  "

ဟိဏ်း စိတ်မရှည်စွာ ရန်လေး၏ ဂုတ်ပိုးအား ဖတ် ခနဲချပစ်လိုက်၏..

"ဟား!! နာတယ် ကွ "

အခုဆို သုံးယောက်သား UK မှာ ကျောင်းတက် နေကြတာ သုံးနှစ်ပင် ကျော်လာပြီလေ.. ဖေဖေ တို့ကတော့ အလုပ် ကိစ္စ နဲ့ လာတိုင်း လာတွေ့တတ်ကြသည် ..မေမေတို့တွေနှင့်သာ Vd call ပဲပြောဖြစ်ကြတာ..ရောက်ခါစကတော့ သော်သော် နဲ့အတူ ကျောင်းက အဆောင်မှာ နေကြပေမယ့် ..ဒီနှစ်တော့ အပြင်မှာပဲ တိုက်ခန်း စပ်တူငှားကာ နေဖြစ်ကြသည်..သော်သော်, က ငယ်တုန်းက သာ အစားအသောက်အရမ်းကြိုက်ပြီး စာလုပ်ရမှာ ပျင်းတာ ..ဒီမှာ ကျောင်းလာတက်ထဲ က စာကိုစိတ်ပါဝင်စားပြီး လိုက်လုပ်တာ မနှစ်ကစပြီး ကျောင်းကပေးသည့် ပညာသင်ဆု ရသည့်အတွက် ကျောင်းစရိတ်တောင် အိမ်ကထောက်ပံ့ပေးဖို့ မတော့..ဟိဏ်း နှင့် ကိုယ်က သာအိမ်က လစဉ် ပို့ပေးနေရတာ..

I Have A Crush On You [Completed]Where stories live. Discover now