Part 6 (Uni)

10.6K 954 23
                                    

I Have A Crush On You

Part 6

Unicode

မေမေနှင့်တီတီကြည်ဖြူ တို့က မုန့်ဟင်းခါးချက်ထားပေး၍ လေးယောက်သားစား သောက်ပြီး ခြံထဲရှိ စကားဝါပင်အောက်ရှိ မြက်ခင်းပြင်တွင်ထိုင်ကာ စကားပြောနေလိုက်ကြတာ ညနေပင်စောင်းတော့မည်...

"စစ် , ငါပြန်တော့မယ်ကွ တော်ကြာ မိုးချုပ်ရင် မေမေက ပွါးမှာ"

ဟုတ်ပါသည် ထူး မေမေ ဒေါ်ဆွေဇင်ချစ် သည် စည်းကမ်းကြီးလွန်းသည်

"အေးပါကွာ မနက်ဖြန် အဆောင်ရောက်မှ ဆုံကြတာပေါ့"

"ရန်လေး လည်း ကိုကြီးထူး နဲ့တူတူပြန်လိုက်တော့မယ် ကိုစစ် မဟုတ်ရင် နောက်တစ်ခေါက်လိုက်ပို့နေရဦးမယ်"

"မင်းကလည်း နေပါဦးကွ ကိုကိုက တစ်လမှတစ်ခါ ခွင့်ရတာ စကားပြောကြမယ်လေ"

"မင်း ပဲတွေ့ရတုန်း ဝအောင်ချွဲပါကွာ ပြီးမှ ကိုစစ် ကိုဘယ်လောက်လွမ်းကြောင်း ငါ့ကို နားမပူနဲ့ ဟုတ်ပြီလား"

"ဟားဟား"

စစ်နှင့်ထူး တို့ ထိုကောင်ချောလေးနှစ်ယောက်၏ စကားပြောနေကြတာ ကိုကြည့်ပြီး ပြိုင်တူ ရီမောလိုက်ကြသည်..

"ပြီးရော ပြီးရော ပြန် ပြန် တာ့တာ ၊ ကိုထူး လည်း တာ့တာ စီးယူ"

"ဟာ သော်သော်ကလည်း ဒီလောက်ပဲလား အကြာကြီး ခွဲရမှာကို ကိုထူးတို့က စာမေးပွဲကြီး နီးပီဆိုတော့ နောက်လတွေ ထွက်ခွင့်ရမှာ မဟုတ်တော့ဘူး ၊ ကိုထူး ကို အားဖြည့်ပေးတဲ့အနေနဲ့ အာဝါး မပေးချင်ဘူးလား "

ထူး , တမင်သူငယ်ချင်းဖြစ်သူ စစ် ကိုစချင်၍ သော်သော်အားပြောလိုက်တော့..

"ဟမ် မရပါဘူး ၊ ကိုကို့ ကိုပဲ အာဝါးပေးမှာ ခ်ခ် ဘူ့မှပေးဘူး "

သော်သော်လည်း မျက်နှာကြီးချက်ချင်း တည်သွားသော ကိုကို ကြောင့် ကိုထူးအား ငြင်းဆိုလိုက်သည်..ထိုမှသာ ကိုကို က ပြုံးစိစိ ..

"ဟုတ်ပါပြီကွာ ဒါဖြင့်လည်း သွားပြီ ၊ လာ
ရန်လေး ကိုထူးတို့ ပြန်ကြစို့ "

I Have A Crush On You [Completed]Where stories live. Discover now