💕 Final (Uni) 💕

16.5K 782 67
                                    

I Have A Crush On You

Final

Unicode

"အချစ်လေးတို့ရေ ပြီးပြီလား "

"လာပြီ လာပြီ ကိုကိုရေ ၊ ဒီမှာ ဆရာသမားက အကျ္ီ ကို ရွေးနေတာ မပြီးဘူး "

သော်သော်တို့အမှန်တကယ် ဝဋ် လည်တာပါ ကိုယ့်ထက်ဆိုးသည် သားဖြစ်သူက

"သွားကြမယ်..ကားလမ်းတွေကပိတ်မှာနဲ့..အခုလောက်ထွက်မှ ဟိုရောက်ရင် အတော်ပဲ "

"Daddy တားတား မိုက်ယား "

"မိုက်ပါတယ်ကွာ ၊ Daddy သားလေးက အမိုက်ဆုံး ဖေဖေ တောင် သားလေးလောက် မမိုက်ဘူး ဟုတ်ပြီလား "

စစ် လည်း သော်သော် နဲ့ တစ်ပုံစံထဲ သားဖြစ်သူကြောင့် အကြိုက်မြှောက်ကာ ပြောတော့ သဘောတွေတေွ့နေသည်..တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ ချစ်မဝလေးတွေပါ..

"ဟီးဟီး ဖေဖေ ညီညီယေး တေွကော လာမှာလားဟင် "

"အင်း လာမယ် ပြောတယ် သားလေးရဲ့ "

"ယေး အာ့ချို တားတားကို ဟိုရောက်ရင် ညီညီယေးတွေနဲ့ ဖိုတိုရိုက်ပေးနော် ဖေဖေ နော် "

"အေးပါ ငါ့သားရယ် "

သော်သော် လည်း မနိုင်စိန်သားကြောင့် စိတ်တို့သာဆွဲဆန့်ထားရသည်..ကားမောင်းနေသည့် ကိုကို ကလည်း ကိုယ်တွေပြောတာ နားထောင်ပြီး ရယ်နေသည်..

"Wow!! လှလိုက်တာ နော် Daddy !! "

စစ် Hotel ရောက်တော့ သားဖြစ်သူအား ချော်လဲမှာစိုးကာ ချီ၍သာ ခန်းမထဲလျှောက်လာခဲ့သည်..ပိုင်မှူးသော်လေးကတော့ ညိမ်ညိမ် မနေပဲ တွေ့သမျှ ကို ကြည့်ကာ စကားတွေများရင် ပါလာခဲ့သည်..

"ညီညီယေး ညီညီယေး ဖေဖေ ၊ Daddy ဟိုမှာ ညီညီယေးတို့ "

သားနှစ်ယောက်ကို ချီထားသည့် ရန်လေး နှင့် ခြူး ကိုတွေ့တာ နဲ့ ကော့လန့်ကာ အတင်း လက်ညှိုး ထိုးအော်နေတော့သည်..

"ရှူး သားလေး ညိမ်ညိမ်လေး နေနော် လူတွေအများကြီးပဲ သားရဲ့ တော်ကြာ သားကိုအဆိုးလေးဆိုပြီး မချစ်ပဲ နေကြလိမ့်မယ် "

စစ် ,နားလေးနားကပ်ကာ တိုးတိုးလေး ပြောလိုက်တော့ သူ့လက်ပိစိလေးနှစ်ဖက်ဖြင့် ပါးစပ်လေးကိုအုပ်ကာ မျက်လုံးလေးပြူးပြီးဟိုကြည့် ဒီကြည့် နဲ့ခေါင်းညိမ့်ပြသည်..အဲ့လို အချစ်ခံချင်တဲ့ ပိုင်မှူးသော်လေးပါ..

I Have A Crush On You [Completed]Where stories live. Discover now